Part - 40

23.2K 1K 144
                                    

Unicode

"အန်ကယ့်ဘဝကို အရက်ကပဲကယ်နိုင်တော့မှာ။ မီးငယ်ရာ သမီးပဲစဉ်းစားကြည့်စမ်း…သမီး
အန်ကယ်နဂါးက စက်ရက်လိုက်တဲ့လူကြီး။ အသည်းနှလုံးမရှိတဲ့လူ  ၊ ခံစားတတ်တဲ့ နှလုံးသားမရှိဘူးကွ။ဘာတဲ့ စိတ်ပျက်တယ်တဲ့ ဘယ်လောက်ပဲ စိတ်ဆိုးဆိုး အေ့…အခုလိုကြီးတော့ ပြောစရာလား ။ ဒီမှာ ဘယ်လောက်ခံစားသွားရလဲ သူမသိဘူး။ဘယ်သိပါ့မလဲ နှလုံးသားမှ ... အေ့ နှလုံးသားမှမရှိတာကို"

"ရက်စက်တာဟုတ်ဘူးလားဟင်"

"အဲ့ကောင်က စက်ရက်တာမီးငယ်ရ ။ နှလုံးသားမရှိတာ"

"ရက်စက်တာပါဆို"

"စက်ရက်တာပါဆို မီးငယ်ရာ"

"ရက်စက်တာလို့ "

မီးဖိုခန်းထဲရှိ မူးပြီးရစ်နေတဲ့အမူးသမားနဲ့ မမူးပဲရစ်နေတဲ့ မီးငယ်ကို ဂုဏ်နဂါးမှာ ခါးထောက်ပြီးသာ ကြည့်နေလိုက်တော့သည်။ သူနဲ့လင်းသိုက်ကို မီးဖိုခန်းထဲ အလာမခံပဲ မီးငယ်ကိုသာဆွဲခေါ်ထားကာ ဒင်းက ပေါက်ကရတွေပြောနေတာ။

"အဲ့ဒီကောင် တရားသလား…ဟမ် မီးငယ် စဉ်းစားကြည့် ။ အန်ကယ်က သူ့ကို ချစ်လို့လည်းစရသေးတယ်။ဒါကို ငါ-ိုးကောင်က စိတ်ပျက်တယ်တဲ့"

"ဟိုက် ဟိုက် အန်ကယ်နဂါးက မတရားတာပေါ့"

"အဲ့မှာကြည့် ကလေးတောင်နားလည်တယ် အဲ့ဒီငတုံးက မသိဘူး။ဘယ်သိမလဲ နှလုံးသားမှမရှိတာကို… အသည်းနှလုံးမရှိတဲ့ ဂုဏ်နဂါး … ရက်စက်တဲ့ဂုဏ်နဂါး"

"အန်ကယ် မူးနေပြီလားဟင်။မူးရင် အိပ်တော့လေ"

"မမူးဘူး ။ မမူးဘူးနော်။အန်ကယ် လုံးဝမှ မမူးဘူးသိလား သမီး"

ပြောရင်းဖြင့်ပင် မင်းသန့်ပြုံးမောင်ရဲ့ ခေါင်းက စားပွဲနဲ့မိတ်ဆက်သွားလေပြီ။သို့သော် ဆတ်ခနဲပြန်ထလာကာ…

"အန်ကယ့်ကို အမူးသမားကြီး၊လူရမ်းကားကြီး ၊ လူဆိုးကြီးလို့ မီးငယ်ထင်နေပြီလား အေ့"

"မထင်ပါဘူးအန်ကယ်ရဲ့"

"အန်ကယ်က ကြေကွဲနေလို့ပါကွာ။ အဲ့ကောင်က စိတ်ပျက်တယ်တဲ့ သူမို့ပြောထွက်တယ်ကွာ
ဟား … ဟား ရေခဲတုံး ။ သူ့နှလုံးသားကို ရေခဲတိုက်ထဲထည့်ထားတာ။ဟာ ဒါနဲ့ မီးငယ်
မီးငယ်လေးက နေမကောင်းသေးဘူးမလား သွား…သွားနားတော့ ကလေး။ အန်ကယ်က
လူဆိုးကြီး အန်ကယ့်နားမနေနဲ့ သွား မီးငယ် သွား"

HUSBAND:DaddyWhere stories live. Discover now