Part - 54

19.7K 1K 98
                                    

Unicode

လက်တလောမှာတိတ်ဆိတ်သွားတဲ့ ဧည့်ခန်းကျယ်ထဲ ထင်လင်းသိုက်ကလွဲပြီး ကျန်တဲ့၃ယောက်မှာ မျက်နှာအပျက်ပျက်ဖြင့်
ခေါင်းငုံ့နေကျရ၏။

နားထောင်ပြီးပြီဖြစ်တဲ့ အသံဖိုင်နှစ်ခုကြောင့် ယွန်းမီ မိဘနှစ်ပါးစလုံး သူတို့သမီးကိုကာကွယ်မပေးနိုင်သလို ဒယ်ဒီကိုယ်တိုင်ဖုန်းဆက်ပြောသည့် လက်ထပ်ပွဲ ဖျက်ဖို့ကိစ္စကိုလည်း အထွန့်မတတ်ရဲပါ။

ပြောဆိုပြီးချိန်၁၀မိနစ်လောက်ကတိတ်ဆိတ်နေကျပြီး  သကာလ ထင်လင်းသိုက်က အသံဖမ်းစက်ကိုပြန်သိမ်းလိုက်သည်။

"ကိုယ့်ဘက်ကဖြစ်ချင်တဲ့သဘောထားကို နားထောင်ဖို့ အဆင်သင့်ဖြစ်ပြီလား"

ထိုအခါမှ ၃ယောက်လုံးကမော့ကြည့်လာပေမဲ့ ယွန်းမီထံမှသာ...

"သိုက် ဘယ်လိုဖြစ်ချင်လို့လဲဟင်။ပြောပါ မီက အပြစ်ရှိတဲ့လူပဲ"

"မင်းရဲ့လုပ်ရပ်အတွက် မင်္ဂကိစ္စကိုမရှိခဲ့ဘူးလို့ သတ်မှတ်လိုက်ပြီ။မင်းကိုယ်တိုင်လည်း တရားဥပဒေက ပေးတဲ့အပြစ်ကို ခံယူရမှာပဲလေယွန်းမီ။သိပ်မကြာခင် အချိန်မှာ တရားရုံးကနေဆင့်ခေါ်စာရောက်လာပါလိမ့်မယ်"

"မီ့ကို စိတ်တိုင်းကျအပြစ်ပေးပါသိုက်ရယ်။ ဒါပေမဲ့ ဒယ်ဒီတို့ကိုတော့ ပစ်မထားပါနဲ့"

"ကိုယ်မကူညီနိုင်ဘူး"

"မလုပ်ပါနဲ့သိုက်ရယ်။ဒီအကြွေးတွေကိုမဆပ်ရင် လိမ်လည်မှုနဲ့ ဒယ်ဒီထောင်ကျလိမ့်မယ်...သိုက်ရယ် ကူညီပေးပါ။မီ့အပြစ်တွေအတွက် မီ့ကိုပဲအပြစ်ပေးပါ"

"မင်းအပြစ်ကသပ်သပ်။မင်းဒယ်ဒီအပြစ်ကသပ်သပ် ဆိုတာ အခုထိသေချာမသိသေးဘူးလားယွန်းမီ။ ငွေတွေဆုံးရှုံးသွားတာ မင်းဒယ်ဒီရဲ့လောဘကြောင့်ပဲ မဟုတ်လား"

ထင်လင်းသိုက်ပြောတာလည်း မှန်နေတာမို့ ယွန်းမီ ဆက်ပြောမနေပဲ ဒူးထောက်ထိုင်ချလိုက်မိသည်။

"သမီး ဘာလုပ်တာလဲ"

"ဒီလို... ဒီလိုမျိုးတောင်းပန်ပါတယ်သိုက်။ မီတို့ကို ကယ်ပါအုံး"

" အားနာပါတယ်"

"သိုက် အဲ့လိုမလုပ်ပါနဲ့။ကူညီပါသိုက်ရယ်။
မီတို့ ချစ်ခဲ့ကျတာပဲမလား"

HUSBAND:DaddyWhere stories live. Discover now