Part - 58

20.4K 1K 132
                                    

Unicode

"ဒီတစ်ခေါက်ပရောဂျက်မှာ ဆုံးရှုံးသွားတဲ့
ငွေပမာဏက ဘယ်လောက်များလဲသိရင် အလုပ်ကို ဘယ်လိုပုံစံနဲ့လုပ်နေကျသလဲ"

ကြားနေရတဲ့အသံကြောင့် ရေချယ်ပင်ချွေးစေးပြန်လာရပြီ။မျက်နှာငယ်လေးဖြင့် အန်ကယ်ကောင်းကိုကြည့်လိုက်တော့လည်း ပြုံးပြနေပြန်သည်။

"အန်ကယ်ကောင်း... အန်ကယ်ကစိတ်တိုနေတယ်ထင်တယ်"

"ဟုတ်တယ်လေ။စာရင်းတွေမှားလို့ ဒေါသထွက်နေတာ"

"အာ အဲ့တာဆိုရေချယ်သေမှာပေါ့။စိတ်ဆိုးနေတာကြီးကို"

"သမီးကိုတော့ စိတ်မဆိုးလောက်ပါဘူး။ အစ်ကိုက ချစ်ရှာပါတယ်"

"ဟင့်အင်းနော် အန်ကယ်ကောင်းမသိပါဘူး။အန်ကယ်က ရေချယ့်ကိုစိတ်ဆိုးတော့မှာ...ကားခိုးမောင်းတဲ့အပြင် တိုက်ပါတိုက်မိလိုက်သေးတယ်။ဒါတောင် ကံကောင်းတာ...တစ်ဖက်လူက အန်ကယ်ကောင်းသာ မဟုတ်ရင် ရေချယ်တော့ဂျေးအောင်းနေရပြီ"

"သိရဲ့သားနဲ့ သမီးကဘာလို့မောင်းလာတာလဲ။ သင်ရတာကဖြင့် ၂ပတ်မရှိပဲနဲ့"

"အန်ကယ်တို့မောင်းတာကို ဘေးကလိုက်ကြည့်တယ်လေ။လွယ်မယ်ထင်လို့ပေါ့လို့ ။ပြီးတော့
ဂိမ်းထဲမှာလည်း အမြဲတမ်းနိုင်နေတာကြီးကို"

ခြေဆောင့်ကာပြောလာတဲ့ကလေးဆန်မှုကြောင့် ကိုကောင်းရယ်ချမိတော့၏ ။ သို့သော် အစ်ကိုလင်းသိုက်ရုံးခန်းထဲက အလျှိုလျှိုထွက်လာကျတဲ့လူတွေကြောင့် အထဲဝင်လို့ရပြီမှန်းသိလိုက်သည်။

"သမီး အထဲဝင်လို့ရပြီ"

"အန်ကယ်ကောင်းအရင်ဝင်"

"အနောက်ကလိုက်လာနော်"

"ဟိုက်"

သို့ဖြစ်၍ ကိုကောင်းအရင်ဝင်လိုက်တော့ သူမလေးက ခေါင်းငုံ့ကာလိုက်ပါလာသည်။

"အစ်ကို"

"အင်း စက်ရုံကဘာတဲ့လဲ"

"စက်ရုံဖက်ကအဆင်ပြေပါတယ်အစ်ကို။ဒီလကုန်တာနဲ့ ပစ္စည်းတွေရပါပြီ။ဒါပေမဲ့..."

"အင်း"

"ဟိုဟာ ... မီးငယ်လည်းပါလာတယ်"

"မီးငယ် ဘယ်မှာလဲ။အပြင်မှာလား"

HUSBAND:DaddyWhere stories live. Discover now