Part - 73

19.4K 1K 86
                                    

Unicode

"ကွာရှင်းပေးပါ ဦးထင်လင်းသိုက်"

"မီးငယ် ! "

"ရေချယ့်မိဘတွေကို​ေ-သစေခဲ့တဲ့သူ၊၁၇နှစ်လုံး လိမ်ခဲ့တဲ့သူနဲ့ ဘယ်နည်းနဲ့မှမပေါင်းနိုင်ဘူး"

"မဟုတ်သေးဘူးကလေးရယ်။ကိုယ် မီးငယ်ကို ဘယ်လိုဖြစ်ပြီး ကွာရှင်းပေးနိုင်မှာလဲ။
ကိုယ်တောင်းပန်ပါတယ်... မီးငယ်ကြိုက်တဲ့ အပြစ်ပေးပါ...ကွာရှင်းဖို့တော့ လက်မခံနိုင်ဘူး
ကိုယ်တောင်းပန်တာပါမီးငယ်ရာ"

"ဦးထင်လင်းသိုက်ကိုရွံတယ်။ပြီးတော့ ယုံကြည်ခဲ့မိတဲ့ ကိုယ့်ကိုယ်ကိုယ်ရော"

နောက်ဆုံးစကားလုံးကို တိုးတိုးသာပြောပေမဲ့
ထိုစကားကထင်လင်းသိုက်အတွက်ခြောက်ခြားစေတာမို့ မီးငယ်လက်လေးတွေကိုကိုင်ရင်း ခေါင်းခါငြင်းမိသည်။

"ကလေးက ဘာမှမသိခဲ့လို့ ကိုယ့်ကိုယ်ကိုယ်မရွံပါနဲ့။ ကိုယ့်ကိုသာ ရွံပါ... မကောင်းခဲ့တာကိုယ်လေ"

"အဲ့တာကြောင့် ကွာရှင်းပေးပါလ်ို့ပြောတာ"

"ကိုယ်ကွာရှင်းမပေးနိုင်ဘူး"

"ဦးထင်လင်းသိုက်ဘက်ကမကွာပေးရင်တောင်
ရေချယ့်ဘက်က ကွာရှင်းမှာ။ဒီလောက်လိမ်ရရင် တော်ရောပေါ့... ဘာဖြစ်လို့လဲ
ရှင့်ရည်းစားဟောင်းဖြစ်တဲ့ မာမီ့အပေါ်
မကျေနပ်တာတွေကျန်နေသေးလို့ ကွာရှင်းမပေးနိုင်တာလား"

"မီးငယ် ... ရေချယ်လင်းသိုက်ဆိုတဲ့ ဖြစ်တည်မှုမှာယူကီကို မပါခဲ့ဘူး။မီးငယ်ကိုစောင့်ရှောက်ခဲ့တာလည်း သူနဲ့ လည်းမဆိုင်ဘူး... ချစ်လို့ ..
မီးငယ်ကိုချစ်လို့အနားမှာထားခဲ့တာ"

"ရယ်ဖို့ကောင်းအောင် လာမပြောနဲ့။ချစ်ရင် မွေးကင်းစကလေးကို သ-တ်ရမယ်ပေါ့ ဟုတ်လား။ချစ်ရင် မိသားစုကို သ-တ်ရမယ်ပေါ့။ဦးထင်လင်းသိုက်ကို မုန်းတယ်... ပြီးတော့ တစ်ချိန်လုံး သူတော်ကောင်းအယောင်ဆောင်ထားတာကိုလည်း ရွံတယ် သိရဲ့လား ။ အားလုံးရဲ့အမြင်မှာတော့ ရှင်က လူတိုင်းအားကျရတဲ့
ပရော်ဖက်ဆာကြီးပေါ့ ဒါပေမဲ့ ရှင့်လုပ်ရပ်တွေက အောက်တန်းကျပြီး ရွံဖို့ကောင်းတယ်"

HUSBAND:DaddyWhere stories live. Discover now