Part - 55

20K 989 92
                                    

Unicode

"အာ့ မင်းသန့် မင်းဘယ်လိုလုပ်နေတာလဲ"

"မောင်လည်းသေချာထည့်နေတာပဲကွာ"

"အပေါက်ချော်ထိုး...အာ့ အပေါက်ချော်ထိုးမိနေပြီကွ"

"မောင်သေချာထိုးနေတာပဲ။မင်းအပေါက်က
ကျဥ်းနေတာကို"

"မင်းဟာကြီးကကို ကြီးနေတာ။သေချာထည့်ပါကွ ဘေးကိုချော်ထိုးမိနေတာ နာတယ်"

"အင်း အင်း  မောင်သေချာထည့်မယ်နော်"

"အား ... မင်းသေချာထည့်မှာက ​ေ-သရတော့မယ်"

"ဒီဘက်ကိုပိုကုန်းခဲ့ မောင်သေချာချိန်ထည့်တော့မယ်"

"ချော်ထိုးရင် မင်းကိုထိုးမှာနော်"

"အေးပါ မောင်သေချာချိန်ပြီးထည့်မှာ"

ဘောင်းဘီရဲ့ပြုတ်နေတဲ့ကြယ်သီးကို
ပြန်တပ်ရင်း အပ်ချော်ထိုးမိနေတဲ့ အန်ကယ်သန့်နဲ့အန်ကယ်နဂါးကို မေးထောက်ရင်းသာကြည့်နေမိသည်။

"ရပြီ ရပြီ။ဒီတစ်ချက်ချုပ်ပြီးရင် ပြီးပြီ"

"ပြီးရင်လည်းပြီးမှ မင်းဟာကအသေသတ်နေတာတဲ့ တူနေပြီ"

"မောင်ကစေတနာနဲ့လည်းလုပ်ပေးရသေးတယ်။ စေတနာကိုစော်ကားတာ ကြည့်စမ်း"

ပိုထွက်နေတဲ့အပ်ချည်ကြိုးကိုဖြတ်ပြီးတာနဲ့ ဂုဏ်နဂါးရဲ့ တင်ပါးကိုတစ်ချက်ရိုက်ကာ
စနောက်၏။

"ဖင်လေးက  ရိုက်လို့ကောင်းတယ်နော်"

"အရှက်ကိုမရှိဘူး"

"လုံးနေတာပဲကွာ"

"မင်း သန့် ပြုံး မောင် ! ကလေးရှေ့မှာ"

"စတာပါကွာ... မီးငယ်မကြားပါဘူး"

"စိတ်ကုန်တယ် မင်းနဲ့လည်း"

ဘောက်ဆတ်ဆတ်ဖြင့် မီးငယ်လေးသွားဖို့ ခြေလှမ်းနေတာမို့ ဂုဏ်နဂါးလက်ကိုဖမ်းဆွဲထားကာ...

"ခဏ ... မောင်ပေးစရာရှိလို့"

လက်တဖက်ကသူ့လက်ကိုဆွဲခေါ်ရင်း ကျန်လက်တဖက်က ပခုံးကိုဖိကာ ခုံပေါ်ပြန်ထိုင်စေသည်။ပြီးမှ ဘေးကအိတ်ထဲကနေ
ဘူးအနက်ကိုထုတ်၏။

HUSBAND:DaddyWhere stories live. Discover now