Part - 65

19.7K 781 75
                                    

Unicode

အနက်ရောင်ရှပ်အင်္ကျီကို တံတောင်ဆစ်နား ခေါက်တင်ကာ ၊ အနက်ရောင်ဘောင်းဘီရှည်ဝတ်ဆင်ထားကာ ရွှေရောင်ကိုင်းတပ်မျက်မှန်ကို တပ်ဆင်ထားတဲ့ အန်ကယ်က ပါဠိအသံထွက်တွေကို ရွတ်ကာ သင်ကြားပို့ချရေးပိုင်းမှာ အလုပ်ရှုပ်နေ၏။

ဒီနေ့ရေချယ်တို့ဘက်ဆီအတန်းချိန်မပါတာမို့ အန်ကယ့်အတန်းချိန်ရှိတဲ့မေဂျာထိ သူမလိုက်လာခဲ့ခြင်းသာ။

"ရေချယ်... နင်ကြည့်လည်းလုပ်အုံးနော်။
အန်ကယ်သိုက်က နင့်ကိုအတန်းထဲကနေဘယ်မှမသွားဖို့ ပြောထားတာမလား"

"ဟိုက် ငါသိတယ်လေ"

"အခု နင် သူများမေဂျာထိရောက်နေပြီနော်"

မြတ်နိုးသတိပေးတဲ့အကြောင်းကိုလည်း သူမနားလည်သည်။ကျောင်းလာဖို့ကိုတောင် အတင်းအကြပ်ခွင့်တောင်းခဲ့ရလို့... ချုပ်နည်းလေးတွေနဲ့ ပလီပလာခွင့်တောင်းခဲ့လို့ ခက်ခက်ခဲခဲလာလို့ရတဲ့ကျောင်းမို့ အခုလိုလျှောက်သွားနေခြင်းအား အန်ကယ်စိတ်ဆိုးမှာစိုးရိမ်ခြင်းသာ။

"ခဏနေ အန်ကယ်သိုက် အတန်းချိန်ပြီးတော့မယ် လာပါဟာ...ကိုယ့်အတန်းကိုမြန်မြန်ပြန်ရအောင်"

"မနာလိုလိုက်တာ သူတို့ကျအန်ကယ့်အတန်းချိန်ပါတယ်"

တံခါးဘောင်ကိုမှီ၍ ပရော်ဖက်ဆာကြီးကိုငေးရင်း ညည်းညူမိတဲ့စကားပင်။စာသင်နေရင်း တစ်ချက်တစ်ချက် ရွှေရောင်ကိုင်းတပ်ထားတဲ့မျက်မှန်ကို ပင့်တင်လိုက်တဲ့အခိုက်အတန့်ကို
ရေချယ်သဘောကျ၏။ ဒီအမျိုးသားကချောလိုက်တာ...အသက်၃၇ပြည့်ပြီးတဲ့ အမျိုးသားတစ်ယောက်အနေနဲ့ အခုလောက်ထိကြီး နုပျိုပြီးခန့်ညားနေဖို့လိုလို့လား။

အဲ့လိုတွေကြောင့်လည်း ပိုင်ဆိုင်ချင်ခဲ့တာ၊နှစ်တွေအကြာကြီး စောင့်ရှောက်ပေးခဲ့တဲ့ ကျေးဇူးတွေကို မေ့ပြီး အပိုင်ရချင်စိတ်ပေါ်လာခဲ့တာက အန်ကယ့်ကြောင့်။

သေသပ်စွာဖြီးသင်ပြီးနဖူးပေါ်ဖြာချထားတဲ့ ဆံပင်တွေကိုလည်း သဘောကျသည်။တည်ငြိမ်သည့်မျက်ဝန်းနက်တစ်စုံ၊ရွှေရောင်ကိုင်းတပ်မျက်မှန်ကို တပ်ဆင်ထားသည့်အခါတိုင်း မျက်မှန်အောက်က မျက်ဝန်းနက်တွေကို နှမြောတသငေးမောရစမြဲ။အမြဲလိုလို
တင်းတင်းစေ့ပိတ်ထားတတ်သည့် နှုတ်ခမ်းတစ်စုံကိုလည်း သဘောကျသည်။Dior Sauvageရေမွှေးနံ့က ကိုယ်သင်းနံ့အဖြစ်စွဲကပ်နေတာမို့ အန်ကယ့်ကိုယ်သင်းနံ့အဖြစ် အမြဲလိုလို ထိုရနံ့ကိုလည်းသဘောကျသလို
အနက်ရောင်အဝတ်အစားကိုသာ အမြဲလိုလိုတွဲဖက်ဝတ်ဆင်တတ်တဲ့ အန်ကယ့်​စတိုင်လ်ကိုလည်းသဘောကျ၏။အန်ကယ်က အရမ်းကြီးထွားကျိုင်းပြီး တောင့်တင်းတဲ့ထဲမပါ
၊အခုခေတ် မော်ဒယ်ဘွိုင်းတွေလို ခန္ဓာကိုယ်အချိုးအစား ပိန်ပိန်ပါးပါးနှင့် မာဆယ်အပြည့် six pack၊ရှိသည့် ကိုယ်နေဟန်ထားမျိုးပင်။

HUSBAND:DaddyWhere stories live. Discover now