Part - 50

22.4K 992 48
                                    

Unicode

ကိုကောင်းဆီကပို့လာတဲ့ လချုပ်စာရင်းတွေကို စစ်ဖို့ကျန်နေသေးတာမို့ မီးငယ်တို့စကားဝိုင်းထဲမဝင်နိုင်ပဲ ဘေးကဆိုဖာမှာထိုင်ကာ laptopတစ်လုံးဖြင့်သာ အလုပ်ရှုပ်နေရသည်။အရင်တစ်ခါ စာမေးပွဲစစ်ထားတဲ့ LGU က အမှတ်စာရင်းတွေကိုလည်း ဘေးမှာပုံလျက်ရှိနေတာက ထင်လင်းသိုက်အတွက် အလုပ်ကြွေးဆပ်စရာတွေပင်။

သို့သော် သူ့ဆီထိပျံ့လွင့်လာတဲ့ မီးငယ်ရဲ့ရယ်သံလေးတွေကြောင့် ပြုံးရသည်သာမက
သူ့စိတ်ကပါ ကြည်လင်နေ၏။

"အန်ကယ် "

ထိုစဥ် သူ့နားထင်တွေပေါ်ရောက်လာတဲ့ လက်နွေးနွေးလေးတွေ... လက်လေးတွေက
သူ့နားထင်ကို နှိပ်နယ်နေတာမို့  ထ်ိုလက်ကလေးတွေကို သူကိုင်ကာ...

"မနှိပ်နဲ့လေ ... လက်တွေနာနေမှာပေါ့"

"အန်ကယ့်ကိုနှိပ်ပေးချင်လို့"

"နေပါစေကလေးရာ။ ဟိုမှာစကားပြောနေကျတာမလား"

"အန်ကယ် အလုပ်များနေလား"

"အင်း"

"အန်ကယ်နဲ့စကားပြောချင်လို့"

"အင်း "

"ဒါပေမဲ့ အလုပ်များနေတယ်ဆို..."

တကယ်လည်းအလုပ်များနေပေမဲ့ သူ့laptopကို
ဟိုဘက်တိုးလိုက်ကာ ... မီးငယ်လက်ကိုဆွဲပြီး
သူ့ပေါင်ပေါ်ထိုင်စေသည်။

သူ့ထံစိုက်ကြည့်နေတဲ့ မီးငယ်ရဲ့မျက်ဝန်းကြည်ကြည် လေးတွေကို သဘောကျတာမို့ မျက်ခွံလေးတွေဆီ ဖွဖွနမ်းပြီးသည်နှင့် မီးငယ်ပါးလေးနှစ်ဖက်ကိုအုပ်ကိုင်ကာ....

"​ကိုယ်နားထောင်ပေးမယ်"

"ဟိုက် .. အဲ့တာဆိုပြောတော့မယ်နော်"

"အင်း"

"အဲ့ဒီညက ဘာဖြစ်ခဲ့တာလဲ။မလိမ်ရဘူးနော်။
အမှန်အတိုင်းပြောပြ ... မယွန်းမီနဲ့ဘာဖြစ်ကျတာလဲ။ မနေ့ကအန်ကယ်သန့်တို့ကိုပြောပြနေပြီး ရေချယ်ကကျန်နေခဲ့တယ်"

"ကလေးငယ်ငယ်လေးက ဒါတွေသိဖို့မလိုအပ်ဘူးလေ"

"ရေချယ်က လူကြီးဖြစ်နေပြီ။ပြောပြလို့"

HUSBAND:DaddyWhere stories live. Discover now