Part - 66

20.8K 928 55
                                    

Unicode

တစ်ပတ်ခန့်ကြာသော်...

အနက်ရောင်ရှပ်အင်္ကျီကို တံတောင်ဆစ်ထိခေါက်တင်ကာဝတ်ထားသည့်အမျိုးသားက
သူ့ကလေးမလေးကိုရင်ခွင်ထဲထည့်၍ ခေါက်ဆွဲပြုတ်ပူပူကို အအေးခံကာတိုက်နေသည်။

"အန်ကယ် ရပြီ။ထပ်မစားနိုင်တော့ဘူး"

"စားပါအုံး... ဆေးသောက်ရအုံးမယ်လေ။မီးငယ်စားတာ ၃ဇွန်းပဲရှိသေးတယ်ကလေးရဲ့"

"ဟင့်အင်း ဒါကြီးကအရသာမရှိဘူး၊ချဥ်ချဥ်စပ်စပ်လေးသောက်ချင်တာပါဆို"

"နေကောင်းရင်သောက်ရမှာပေါ့..အခုတော့ မရဘူးလေ"

"ဆေးထိုးလိုက်မယ်။ဆေးထိုးရင် ပျောက်သွားတော့မှာ"

"ခေါက်ဆွဲပြုတ်မသောက်ချင်ရင် ဆန်ပြုတ်ရော။ ကိုယ်ဆန်ဝယ်ထားတာမြင်တယ်... စားမယ်ဆို ပြုတ်ပေးမယ်"

"ဟင့်အင်းပါဆို"

ဂျစ်ကန်ကန်လေးက နေမကောင်းတာမို့ မျက်နှာတွေရဲကာ၊ပူနေတာကို မနေတတ်ဖြစ်ကာ ဆေးထိုးပေးဖို့သာတဖွဖွပြောနေ၏။လန်ဒန်ကိုရောက်သည့်နေမှာပဲ ခရီးပန်းပြီးဖျားလေသလား၊ဟိုမှာကျန်ခဲ့တဲ့ သူမအန်ကယ်နှစ်ယောက်ကိုပဲ လွမ်းဖျား ဖျားသလား။ သေချာသည်က သူ့ရဲ့မီးငယ်လေး အနေခက်နေပြီ။

"နည်းနည်းလေးပဲထပ်သောက်ရအောင်နော်။
မီးငယ်က လိမ္မာပါတယ်... မီးငယ်ရဲ့အန်တီစိမ့်က ဒီအိမ်အထိလာဖို့ဝေးတော့ ရောက်လာနိုင်သေးမှာမဟုတ်ဘူး မီးငယ်ရဲ့"

"အဲ့တာကြောင့်မို့ အရင်အိမ်မှာပဲနေရအောင်ပါဆို"

"အင်းပါ ... သမီးအန်ကယ်တို့ရောက်လာရင် တိုင်ပင်လိုက်အုံးမယ်"

"အန်ကယ်တို့က ဘယ်တော့လိုက်လာမှာလဲဟင်"

"နောက်၃ရက်၊၄ရက်လောက်ဆို လိုက်လာမှာပါ...အဲ့ဒီအခါမှ မီးငယ်နေမကောင်းရင် လျှောက်မသွားရပဲ နေမှာပေါ့"

"အကြာကြီးစောင့်ရမှာကို"

အားမရှိစွာဖျော့တော့နေတဲ့ အသံတိုးတိုးလေးကြောင့် ထင်လင်းသိုက်မပြုံးပဲမနေနိုင်တော့။

ပူနေဆဲဖြစ်တဲ့ပန်းကန်ထဲက ခေါက်ဆွဲပြုတ်ကို တူနဲ့ညှပ်၍ ဇွန်းထဲထည့်ကာ မှုတ်ပေးပြီး မီးငယ်ကို အစာဝင်အောင်ကျွေးသည်။

HUSBAND:DaddyWhere stories live. Discover now