Part - 78

23.9K 1.2K 122
                                    

Unicode

တရိပ်ရိပ်မောင်းနှင်လာတဲ့ကားက အိမ်ကိုရောက်ဖို့ နီးလာလေ ရေချယ့်နှလုံးခုန်သံတွေက မြန်လာလေဖြစ်နေသည်။တစ်နှစ်ကြာတာတောင် အိမ်ပြန်လမ်းကို
မှတ်မိနေဆဲဖြစ်သလို ... လူတစ်ယောက်ရဲ့သတင်းတွေကိုလည်း နားစွင့်နေမိတုန်း။

နေရောင့်ဆီက သတင်းတစ်ခုကြားရတိုင်း အဲ့ဒီ လူကြီးအတွက် စိတ်မကောင်းဖြစ်ရပေမဲ့... အဲ့ဒီလူကြီးဆီ ဖုန်းဆက်ပြီးရေချယ့်အကြောင်းပြောပြနေတဲ့ Sukeကြောင့် ဟန်မပျက်အောင်နေခဲ့ရသည်။

"မီးငယ် ... ပြန်လာပေးတာကျေးဇူးတင်ပါတယ်နော်။ အန်ကယ်တို့က သမီးကိုစောင့်နေတာ...အခုက အပြီးပြန်လာခဲ့တာလား"

"ခဏ"

"သြော် ပြန်သွားအုံးမှာပေါ့"

"အင်း"

"သမီးဒီမှာနေတုန်းလေး သမီးရဲ့အန်ကယ်သိုက်နဲ့ ရင်းရင်းနှီးနှီးပြန်နေပေးလို့မရဘူးလား။သူက
သမီးကို လွမ်းနေရှာတာ... အခုလည်း သမီးပြန်လာတာ သူ့ကိုမပြောထားဘူး။သူသာသိရင် သိပ်ပျော်သွားမှာ"

"အင်း"

"အန်ကယ်တို့ကို ခွင့်လွှတ်ပြီလားမီးငယ်လေး"

ချက်ချင်းပဲတိတ်ဆိတ်သွားတဲ့အခြေအနေကြောင့် မင်းသန့် သူ့စကားမှားသွားပြီမှန်းသိလိုက်ရ၏။ 'အင်း' လို့မသုံးတတ်တဲ့ကလေးက
အခုတော့ သူတို့ကို စိမ်းသက်ကြောင်းပြနေတဲ့ အနေအထားနဲ့ မေးသမျှကို အင်း နေသည်။

" ဟို အန်ကယ်တို့ဆီပြန်လာပေးတာနဲ့ပဲ ကျေနပ်ပါပြီ။ သမီးခွင့်လွှတ်အောင် အန်ကယ်တို့ကြိုးစားရမှာပေါ့ကွ"

"ရေချယ်ပြန်လာခဲ့တာက ဖိုးဖိုးကြီးခိုင်းတဲ့ ကိစ္စကြောင့် ခဏပြန်လာယုံပဲ။အဲ့ဒီကကိစ္စတွေပြီးရင်ပြန်မှာ။ဒီအတောအတွင်း ရေချယ့်ကို အရင်ကဖြစ်ခဲ့တဲ့ ကိစ္စတွေ ဘာမှလာမပြောဖို့မျှော်လင့်ပါတယ်"

"မီးငယ်ရယ်..."

"အိမ်ရောက်ရင် နိုးပေးပါ နားချင်ပြီ"

မျက်နှာပေါ်ပဝါစလေးအုပ်ကာ အိပ်သွားတဲ့ မီးငယ်လေးကိုကြည့်ရင်း ဂုဏ်နဂါးမျက်ရည်ကျလာသည်။သူတို့သမီးလေးက ခွင့်မလွှတ်နိုင်သေးဘူးကို ၊ မုန်းနေဆဲပဲ ဆိုတဲ့အသိစိတ်က ရင်နာဖို့လုံလောက်ပါရဲ့။

HUSBAND:DaddyWhere stories live. Discover now