Part - 38

24.6K 1K 174
                                    

Unicode

ခအိုတို့ကညံ့လွန်းတယ်။လန်ဒန်အတွင်းမှာပဲ
နှစ်ပေါင်းများစွာလိုက်ရှာနေခဲ့လို့သိုက်ကို
ရှာမတွေ့ခဲ့တာ။ယူအာကိုလွတ်ထားတဲ့လူဆီက စုံစမ်းရသလောက်ဆိုရင် သိုက်ဟာ
L Groupကို အချိန်ခဏသာလာခဲ့ပြီး ပြည်ပကိုပြန်ထွက်သွားတယ်လို့  သတင်းရထားသည်။

ဒါဆို သိုက်နဲ့ရုဒါအို(ရေချယ်လင်းသိုက်) တို့က ပြည်ပတစ်နေရာရာမှာရှိနေတာ သေချာသလောက်ရှိနေသည်။ဘယ်နိုင်ငံဖြစ်မလဲ အနီးစပ်ဆုံးက အဝေးဆုံးမှာရှိနေတတ်တယ်ဆိုတဲ့အတိုင်း ဖြစ်နိုင်သည်က ဂျပန်… ဟုတ်တယ်
ရုဒါအိုရဲ့ မိဘတွေနေခဲ့တဲ့ဂျပန်မှာရှိနေမယ်လို့ သူတို့ တစ်ခါမှမတွေးခဲ့ဖူးသည့်အလျောက် သူတို့မတွေးမိခဲ့တဲ့ ဂျပန်မှာပဲရှိနေနိုင်သည်။

သို့သော် ယူအာကိုရဲ့ရည်ရွယ်ချက်က ရုဒါအိုကိုရှာတွေဖို့အတွက် ခအိုနှင့် ပူးပေါင်းခဲ့တာမဟုတ်ပါ။ခအိုက ရုဒါအိုဆီ အမွေလွှဲဖို့၊ဆက်ခံသူနေရာလွှဲဖို့ဆိုရင် ယူအာကိုကတော့ ထိုအမွေတွေကို
ရုဒါအိုဆီ မလွှဲဖြစ်အောင် ရုဒါအိုကိုသ-တ်မည့်လူသည်သာ။

" 'ဒူအင်´ နင့်အဖွဲ့ကို ဂျပန်မှာဆက်ရှာခိုင်းဖို့ လွတ်လိုက်တော့။သူတို့ရှိတာ ဒီမှာမဟုတ်တာ သေချာနေပြီ"

"ခအိုတို့ပြောတော့ ဒီလန်ဒန်တစ်နေရာရာမှာပဲ သူတို့ပုန်းနေတာသေချာတယ်ဆို။အကယ်၍
သူတို့အရင်တွေ့သွားခဲ့ရင်"

"ကျစ် ! နင်အဲ့ဒီသောက်ရူးစကားကို အခုထိ
ယုံနေတာလား။ဒီလောက်နှစ်တွေ အကြာကြီး ရှာနေတာတောင် မတွေ့တာ အဲ့ကောင် အခုလိုတုံးအနေလို့…နင်ကရော ဘာစကားရှည်နေတာလဲ နင့်ကိုပိုက်ဆံပေးငှားထားတာ ငါနော်"

"တောင်းပန်ပါတယ်အစ်မ။ဒူအင်က စိုးရိမ်လွန်သွားလို့ပါ"

"နင့်ခံစားချက်ကို ဘယ်သူမှမမေးဘူး။ အခု နင့်အဖွဲ့ကို ဂျပန်မှာရှာဖို့ခိုင်းလိုက်တော့။ သြော် ဒါနဲ့ သိုက်ရဲ့ အရင်ကဓာတ်ပုံ ရှိပါသေးတယ်နော်"

"ဟိုလေ အစ်မ"

တိတ်ဆိတ်သွားသည့် စကားသံကြောင့် ယူအာကို ဖုန်းကိုပေါက်ခွဲချင်လာသည်။သူမခိုင်းလိုက်လို့ ခိုင်းတဲ့အတိုင်းဖြစ်မလာတာလောက် ဒေါသထွက်တာမရှိပါ။

HUSBAND:DaddyWhere stories live. Discover now