Part - 60

28.6K 1.2K 189
                                    

Unicode

အဖြစ်အပျက်တွေကမှန်လွန်းတာမို့ ဘာလုပ်ရ
မလဲ၊ဘာလုပ်သင့်လဲ ရုတ်တရက်စဥ်းစားမရပေမဲ့ အခုက သူတို့အိမ်ကိုပြန်ရောက်လာပြီ။အိမ်ရဲ့ ဧည့်ခန်းမှာထိုင်ကာ ဘာစကားမှပြောမထွက်ကျသေးပေမဲ့ ၄ယောက်လုံးကအတွေးကိုယ်စီနဲ့ရှိနေမှာအမှန်ပင်။

မင်းသန့်အဖို့ ဒီလိုအဖြစ်အပျက်မျိုးဖြစ်လာလိမ့်မယ် ဆိုတာ အိပ်မက်ထဲတောင်ထည့်မမက်ဘူးတာမို့ရုတ်တရက်ရောက်လာတဲ့အခြေအနေကြီးက သွေးပျက်စရာ၊ထိတ်လန့်စရာကောင်းနေသည်။ဘာမှမဖြစ်ခဲ့ကျဘူးလို့ ပြောလာခဲ့ကျမယ်ဆိုရင်တောင် အပေါ်ပိုင်းအဝတ်ဗလာနဲ့အခြေအနေက သူတို့သမီးအတွက်အမဲစက်ကြီးဖြစ်သွားပြီပဲမလား။

"ထင်လင်းသိုက်"

"အင်း"

"ဒီအချိန်လောက်ဆို မင်းစဥ်းစားပြီးဖို့သင့်နေပါပြီ။ ပြော... မနေ့ကဘာတွေဖြစ်ခဲ့ကျလဲ၊ဘယ်လိုတွေ ဖြစ်ခဲ့ကျတာလဲ။ဒီကိစ္စက ကလေးကို
ညှင်းပန်းနှိပ်စက်မှုရောက်နေပြီ"

"မင်းအဲ့လောက်အမှုကြီးအောင်တော့မပြောနဲ့လေ ညှင်းပန်းနှိပ်စက်ရအောင် မီးငယ်မျက်နှာကိုလည်း ကြည့်အုံးဟ"

ဂုဏ်နဂါးကိုမျက်စောင်းထိုးရင်း မီးငယ်ဘက်ကြည့်လိုက်တော့ သူမလေးကပြုံးစိစိဖြစ်နေသည်။ထို့ကြောင့် မင်းသန့်ကိုယ့်မျက်နှာကိုယ်အုပ်ရင်းသာ ....။

ကိုယ့်သမီးကကိုအလိုတူအလိုပါဖြစ်နေပါရောလား။

"ဒါပေမဲ့ မနေ့ညကဘာတွေဖြစ်ခဲ့သလည်းသိဖို့လိုတယ်။မင်း မှတ်မိပြီလားလင်းသိုက်"

"မနေ့ညက ကိုယ်မီးငယ်ကိုစောင့်ရင်း အိပ်ချင်လာလို့ မီးငယ်ငှားထားတဲ့အခန်းဆီအနားယူဖို့သွားတယ်။ပြီးတော့... ဒါပဲ ကိုယ်အဲ့ဒီအထိပဲမှတ်မိတယ်"

"မီးငယ်ကရော။သမီးဘာတွေဖြစ်ခဲ့တာလဲ...
ဒီကောင် သမီးကိုဘာတွေလုပ်ခဲ့လဲ အန်ကယ့်ကိုပြောပြ"

"ကလေးကိုအကျပ်ရိုက်အောင်မမေးပါနဲ့မင်းသန့်။ဒါတွေအားလုံးက ကိုယ့်အမှားပါ...ကလေးကဘာသိမှာလဲ"

စိတ်ပျက်လက်ပျက်ဖြင့်သာ မင်းသန့်ပြုံးမောင်အဖို့ အသံတောင်မထွက်နိုင်တော့။

HUSBAND:DaddyWhere stories live. Discover now