Part - 16

23.5K 916 77
                                    

Unicode

ဒယ်ဒီ့ဆီကရောက်လာတဲ့စာချုပ်တွေ အပြင်။ နောက်ထပ်ကြားရတဲ့သတင်းတစ်ခုကြောင့်
ထင်လင်းသိုက်ရဲ့နှုတ်ခမ်းပါးတွေက ပြုံးယောင်သန်းနေ၏။

မီးငယ်ကိုလိုက်ရှာနေတဲ့ညီအစ်ကိုနှစ်ယောက်ထဲက ခအီ သေဆုံးသွားပြီတဲ့။ဝမ်းသာစရာသတင်းပေ။ နှစ်တွေအကြာကြီးသေမှ ကိုယ်ကသတ်စရာမလိုဘဲ သူ့ဟာနှင့်သူအက်စီးဒန့်ဖြစ်ပြီးသေသွားတော့  စိတ်ချမ်းသာစရာဖြစ်သည်။မီးငယ်ကို သူ့ဆီက ဆွဲထုတ်သွားမဲ့လူတွေဆိုရင်
တစ်ယောက်ကိုမျှ မကြည်ဖြူတာ သူ့အတ္တပဲ။

မီးငယ်မွေးကတည်းက ကလေးနီတာရဲလေးကို ပိုင်ဆိုင်ချင်လွန်းလို့ သူ့မှာကစားကွက်တွေ
ရွေ့ခဲ့ရတာ။စစ်တုရင်ခုံပေါ်က ကစားကွက်တွေထပ် ခက်ခဲတဲ့ကစားကွက်တွေကိုရွေ့ခဲ့ပြီးမှ
ရခဲ့တဲ့ မီးငယ်ကို သူတို့တွေက ဘာဖြစ်လို့ပြန်ခေါ်ချင်နေရတာလဲ။ဒီကလေးက သူ့ဆီမှာပျော်နေပြီ အားလုံး ကိုယ့်လမ်းကြောင်းနဲ့ကိုယ် ရှင်သန်ကျတော့ရင် မဖြစ်ဘူးတဲ့လား။ အားလုံးသိထားတဲ့အတိုင်းပဲ … မီးငယ်မိဘတွေက
သူ့ပယောဂကြောင့်သေသွားလို့ မီးငယ်ကို မွေးစားခဲ့တာ…ဒီအကြောင်းအရာလောက်ပဲ
သိထားဖို့ကောင်းသည်။ဒါတင်မဟုတ်ဘဲ
သူဖုံးကွယ်ထားတဲ့အကြောင်းအရာတွေကို ထုတ်ဖော်မယ်ဆိုရင် ဘယ်သူ့ကိုမဆို
ရှင်းထုတ်မိမှာ။

ခေါင်းခါကာ အတွေးတွေကိုမောင်းထုတ်လိုက်ရင်း laptopကိုဖွင့်လိုက်တော့လည်း screenပေါ်မှာ မီးငယ်ပုံရိပ်လေးတွေက နေရာယူထားပြန်သည်။ ဒီပုံလေးက မီးငယ်သူ့ဆီရောက်လာတုန်းက ၃နှစ်အရွယ်ကလေးလေးပေါ့။ပါးဖောင်းဖောင်း၊ မျက်လုံးဝိုင်းဝိုင်းကြည်ကြည်လေးတွေနဲ့၊ ဆံပင်လေးတွေကိုနှစ်ဖက်ခွဲစည်းလေ့ရှိကာ အမြဲလိုလိုလူပေါ်ကပ်နေတဲ့ ကလေးကို ကြီးလာတဲ့အခါ လူကြားမတိုးရဲမှာစိုးရိမ်နေခဲ့ဖူးတာ
ပထမဆုံးကျောင်းတတ်ရက်မှာပင် ဘေးအိမ်ကအမြွှာ၃ယောက်နဲ့လက်တွဲထွက်လာတဲ့ မီးငယ်ကြောင့်သာ သူစိတ်ပူတာတွေရပ်ခဲ့ရသည်။

အလုပ်စားပွဲနဲ့စာအုပ်စဉ်ပေါ်နေရာယူထားတဲ့
မီးငယ်ရဲ့ဓာတ်ပုံFrameမြောက်မြားစွာ။
ငယ်ငယ်ထဲက အားကစားတင်မကပဲ၊ပညာရေးပါတော်တဲ့ကလေးမို့ ဆုတံဆိပ်များစွာရရှိတဲ့ကလေးလေး။အခန်းထောင့်က ဗီရိုအကြီးကြီးကိုဖွင့်လိုက်လျှင် မီးငယ် ငယ်ငယ်ကဝတ်သည့်
အဝတ်အစား၊ အသုံးအဆောင်တို့ကိုမြင်ရမည်။

HUSBAND:DaddyWhere stories live. Discover now