Part - 82

32.5K 1.2K 76
                                    

Unicode

"ကိုယ်တောင်းပန်ပါတယ်ကွာ။အခုလောက်ကြီး
ဖြစ်ဖို့အထိ မရည်ရွယ်ပါဘူး...မီးငယ်အဆင်ပြေရဲ့လား ဟင် အဆင်ပြေရဲ့လားကလေး"

"ပြေပါတယ်..နေပါအုံး အန်ကယ်ကဘာဖြစ်လို့ ငိုနေရတာလဲ။မသိရင် သူခံရတာကျလို့"

"စိတ်မကောင်းလို့ပါကလေးရယ်"

ခန္ဓာကိုယ်အောက်ပိုင်းကနာကျင်မှုကို လျစ်လျူရှူရင်း စိတ်ညစ်ညစ်နဲ့ပဲ အန်ကယ့်ကိုသာထိုင်ကြည့်နေမိသည်။မနက်မိုးလင်းလင်းချင်း အာ့ဆိုတဲ့အသံလေးထွက်မိပါတယ် အန်ကယ့်မှာ...သူ့ကြောင့်၊သူမှားတာဆိုပြီး ငိုလို့မပြီးနိုင်ဖြစ်နေသည်။

"မီးငယ်ဒီနေ့အချိန်ဇယားလည်းရှိသေးတယ်မလား"

"ဟိုက်"

"ကလေးရာ ဒီလိုမှန်းသိရင်ကိုယ်...။မဟုတ်သေးဘူး ဒီပုံစံနဲ့တော့ အပြင်ထွက်လို့မဖြစ်ဘူးနော်ကလေး။ဒီနေ့အချိန်ဇယားကိုဖျက်လိုက်ပါလား"

"ဟိုက် ဖျက်ရမှာပဲလေ။လမ်းလျှောက်ဖို့တောင် တော်တော်ကြိုးစားယူရမှာ"

ညည်းညူစွာပြောလာတော့လည်း သနားရပြန်သည်။ မီးငယ်ရဲ့လည်တိုင်မှာ သူကိုက်ထားတဲ့ ကိုက်ရာတွေက အညိုအမဲစွဲနေယုံသာမက ၊နှုတ်ခမ်းရဲရဲလေးကလည်းဖူးယောင်နေသည်။

"ဟင် ! နှုတ်ခမ်းကို ဘာဖြစ်လို့ အဲ့လောက်ကြီးစိုက်ကြည့်နေရတာလဲ"

"လှလို့"

"သိသားပဲ"

"ဒီနှုတ်ခမ်းလေးဆီကနေ ညည်းသံထပ်ကြားချင်လိုက်တာ"

"ဘာပြောတယ် ! "

"အခုတော့မဟုတ်ပါဘူး ညမှ"

"အန်ကယ် ! "

"ဗျာ ... ချစ်လို့ပါမီးငယ်ကလည်း"

"ခုနကစိတ်မကောင်းလို့ဆိုပြီး ငိုနေတာဘယ်သူလဲ"

"ကိုယ်လေ ။ ဒါပေမဲ့ မီးငယ်ရဲ့..."

စကားစကိုဖြတ်လိုက်တော့ မော့ကြည့်လာတဲ့ မျက်ဝန်းကြည်ကြည်လေးတွေ။ထိုမျက်ဝန်းကို ဖိကပ်နမ်းရှိုက်ပြီး သူ့လက်မောင်းပေါ်အိပ်နေတဲ့
ကိုယ်လုံးသေးသေးလေးကို ပိုပြီးတိုးဖက်လိုက်၏။

HUSBAND:DaddyWhere stories live. Discover now