Part - 74

20.4K 1K 148
                                    

Unicode

"သြော် နဂါး... မင်းနေ့လည်လောက်ကိုအချိန်ရရင် ငါးစျေးတန်းဘက်သွားပြီး ပုစွန်လတ်တာလေးတွေ ရွေးပေးပါကွာ။အကောင်ကြီးပြီး လတ်လတ်ဆတ်ဆတ်ရရင်တော့ ပိုကောင်းတာပေါ့။ ပြီးတော့ အချဥ်စပ်ဖို့ သံပရာသီးလည်းဝယ်ခဲ့ပေး။မနေ့က မီးငယ်ကိုသံပရာရည်ဖျော်ပေးဖို့လုပ်မှမရှိတော့မှန်း ကိုယ်သိရတာ"

"လင်းသိုက် ! "

"ဒါဆို စိတ်ချမယ်နော် "
"အင်း  ကိုယ်ထွက်လာပြီ"

သူခေါ်တဲ့အသံကိုဂရုမစိုက်တော့ပဲ လက်ကကိုင်ထားတဲ့ ဖုန်းကိုသာဖြေပြီး ထွက်သွားသည်က
ထင်လင်းသိုက်ဖြစ်သည်။

တစ်ပတ်ရှိပြီ။လန်ဒန်ကနေပြန်လာတဲ့ တစ်ပတ်အတွင်းမှာ မီးငယ်မရှိတာကို ခဏခဏမေ့သည်။ကျောင်းကပြန်လာတိုင်း မီးငယ်အတွက်
မုန့်တစ်ခုခုဝယ်လာသလို .. တစ်ခါတရံ မီးငယ်အတွက် မနက်စာပြင်ပေးပြီး၊အခုလိုအခြေအနေက တစ်ပတ်အတွင်း ၅ကြိမ်တိတိကြုံခဲ့ရ၏။

"လင်းသိုက် မေ့ထားပြန်ပြီထင်တယ်"

မြင်လိုက်ရတဲ့မင်းသန့်က ခပ်တိုးတိုးရေရွတ်လာပေမဲ့ သူတို့ကစိတ်မကောင်းယုံကလွဲပြီး
ဘာတတ်နိုင်မှာလည်း။ထင်လင်းသိုက်က
မမှတ်မိတော့တာမဟုတ်ပဲ... တမင်တကာမေ့ထားတာမျိုးပါ။တိတိကျကျပြောရရင်  ရူးသွားမှာဆိုးလို့ မေ့ထားလိုက်တာမျိုးဖြစ်နေသည်လေ။

တချို့အချိန်တွေမှာ မီးငယ်အတွက်လို့ပြောပြီး အရင်နဲ့မခြားနေထိုင်သွားလာနေပေမဲ့ ၊ တချို့အချိန်တွေမှာတော့ ခြံထဲကဒန်းမှာထိုင်ပြီး
ငေးမောနေတတ်သည်။ညဖက်တွေဆိုလည်း
မီးငယ်အခန်းထဲမှာဝင်နေတတ်ပြီး ညဥ့်နက်ချိန်လောက်ဆို ကျယ်လောင်တဲ့ငိုသံတွေကို
သူတို့ကြားရသည်။

3ယောက်ထဲမှာ မီးငယ်ကိုအချစ်ဆုံးက ထင်လင်းသိုက်ပဲမဟုတ်လား။1500 နဲ့ 528ပေါင်းထားတဲ့ မေတ္တာတွေက 528မေတ္တာတွေထပ် ဗို့အားများတာမို့ ထင်လင်းသိုက်အခုလို ရူးမတတ်ဖြစ်သွားရတာ။ ချစ်သည်ထပ် မီးငယ်အပေါ်နှစ်ရာကျနေပေမဲ့ ထင်လင်းသိုက်ကတော့ အကြောင်းရင်းတွေနောက်က အမှန်တရားကိုမပြောပြဖို့ ဦးLသိုက်ကိုတောင် နှုတ်ပိတ်ခဲ့တဲ့အထိ...

HUSBAND:DaddyWhere stories live. Discover now