Part - 76

22.4K 1K 135
                                    

Unicode

အနုပညာမြို့ဖြစ်တာမို့ ထိုမြို့ပေါ်ဖြန့်ကျက်ထားတဲ့ နေရောင်ခြည်ကပင် အနုပညာဆန်သည်။လမ်းဘေး ပလပ်ဖောင်းပေါ် ခုံစီချကာခင်းထားတဲ့ စားသောက်ဆိုင်က ပန်းပင်များနှင့်အလှဆင်ကာစိမ်းစိုနေ၏။တစ်ထပ်တိုက်ပုလေးအပြည့် ပန်းစည်းနှင့်ပန်းတွေ ရှိနေတဲ့ပန်းဆိုင် ၊ အအေးဓာတ်သင့်တင့်စွာ ရနေတဲ့လန်ဒန်ရဲ့ မနက်ခင်းက လူစည်ကားလို့နေသည်။

ခြင်္သေရုပ်ထုနားမှာ ဖျော်ဖြေနေသည့် တီးဝိုင်းနားအရောက် ထင်လင်းသိုက်ရဲ့ခြေထောက်တွေက ရပ်သွား၏။

"အစ်ကို ဘာဖြစ်လို့လဲ"

မေးလာတဲ့ လီယိုဇေးကို လှည့်မကြည့်ပဲ ထိုနေရာကိုသာကြည့်နေရင်း...

"မီးငယ် ငယ်ငယ်တုန်းက အပြင်ထွက်လည်ရင်း အခုလိုတီးဝိုင်းတွေရင် သိပ်ပြီးသဘောကျတာ။
တစ်ခါတလေ ဝင်ကပြီး ၊ တစ်ခါတလေ သီချင်းလိုက်ဆိုတယ်လေ"

"ရေချယ်က အသွက်ကလေးဖြစ်ခဲ့တာပဲ"

"သေချာတာပေါ့ ။ မီးငယ်က အလည်လေး၊
အသွက်လေး၊သိပ်ပြီးစကားတတ်တာ"

"အစ်ကိုကလည်း အဲ့တာကြောင့်အချစ်ပိုနေတာမလားဗျ"

"အင်း .. မီးငယ်က ချစ်ဖို့ကောင်းတယ်လေ"

ကိုယ့်စိတ်ကို မထိမ်းနိုင်တာမို့ H.A  Entertainment ဆီကို ထင်လင်းသိုက်ရောက်လာခဲ့ပေမဲ့ မီးငယ်မျက်စိရှေ့ကိုတော့
မသွားရဲပါ။သူ့ကိုမြင်တဲ့အခါ သူ့ကလေးလေးစိတ်ဆင်းရဲမှာကိုကြောက်သည်။
သို့သော် မတွေ့ရရင် ရူးသွားနိုင်တာမို့ အခုလို
ခိုးကြောင်ခိုးဝှက်လာတွေ့ရတဲ့ အခြေအနေမှာ
မြင်နေရသမျှကလည်း မီးငယ်ပုံရိပ်တွေနဲ့ ။

မသွားတော့ပါဘူးပြောခဲ့တာကလည်းကိုယ်ပဲ ၊
ရုတ်တရက်ကြီး ထွက်လာခဲ့တာကလည်း ကိုယ်တိုင်မို့ မင်းသန့်နဲ့နဂါးဆီက အပြောအဆိုကိုလည်းခံခဲ့ရလေသည်။

"အစ်ကို ရှေ့နားထိဆက်လျှောက်လိုက်ရင် ရောက်ပြီထင်တယ်"

"ကျေးဇူးနော် ကိုဇေး။မင်းလိုက်လာပေးတော့ ကိုယ်အဖော်ရတာပေါ့"

"အာ မလိုပါဘူးဗျ"

ကျွန်တော်လည်းမျက်နှာလေးမြင်ချင်လို့ပါ ဆိုတဲ့ စကားကိုတော့ ထုတ်မပြောတော့ပါ။ပိုင်သူနဲ့ဆိုင်သူက လိုက်ဖက်လွန်းတာမို့..ယှဥ်လုဖို့တောင် သူစဥ်းစားခဲ့တာမဟုတ်ဘူး။

HUSBAND:DaddyWhere stories live. Discover now