Part - 15

25.5K 1K 81
                                    

Unicode

"ပျော်စရာရှိရင်ရယ်ပြီး ၊ဝမ်းနည်းစရာရှိရင်
ငိုတတ်တဲ့ကလေးတစ်ယောက်ဖြစ်အောင်
ကိုယ်ပျိုးထောင်ပေးခဲ့တာ။မီးငယ် ဘာဖြစ်နေတာလဲ ကိုယ့်ကိုပြောစမ်း"

မှင်သေသေမျက်နှာလေးနဲ့ မော့ကြည့်လာသည့်
အချိန် မျက်ဝန်းတစ်စုံက ခံစားချက်
ကင်းမဲ့နေတာကို မြင်လိုက်ရသည်။

"ဘာဖြစ်တာလဲမီးငယ်။ဘာတွေကို ကြောက်နေတာလဲ"

မဖြေပါ မျက်နှာသေလေးနဲ့သာ သူ့ကိုကြည့်လာသည်။

မနက်ခင်းအိပ်ယာလာနိုးကတည်းက ကုတင်ပေါ်ထိုင်နေတဲ့မီးငယ်ကြောင့် အထူးတဆန်းဖြစ်ရပေမဲ့ ပိုပြီးထူးဆန်းတာက မီးငယ်ရဲ့အသွင်အပြင်ကြောင့်ဖြစ်မည်။

ဒူးနှစ်ဖက်ကိုဖက်ထားရင်း ထိုဒူးပေါ်၌မျက်နှာကို ဘေးတစ်စောင်းမှီကာ ပြတင်းပေါက်ကို အချိန်အကြာကြီး ငေးနေလေရဲ့။ စောင်တွေခေါက်သိမ်းပေးပြီးသည့်တိုင် မလှုပ်မယှက်ရှိနေတာမို့ စိတ်ပူလို့မေးနေမိခြင်းသာ။

"မီးငယ် တစ်ခုခုဖြစ်နေတယ်မလား။ ဘာဖြစ်တာလဲကိုယ့်ကိုပြော။စိတ်ပူအောင်ငြိမ်မနေနဲ့ကလေး ကိုယ့်ကိုပြောစမ်း"

"အယ်ဇီလာတယ်"

"ဟင် ! ဘယ်တုန်းကလဲ"

"သူမကျွတ်ဘူးအန်ကယ်။တောင်းပန်နေတယ်"

"မဟုတ်ဘူး...မနေ့ကကိစ္စကြောင့် မီးငယ်ထင်ယောင်ထင်မှားဖြစ်နေတာနေမှာပါ"

"အိပ်မက်ထဲမှာ သူလာတောင်းပန်နေတယ်။
အန်ကယ် အယ်ဇီကသနားဖို့ကောင်းလိုက်တာ"

"မီးငယ် သူ့ကိုမမုန်းဘူးလား"

"ဟင့်အင်း သနားတယ်။သူက ဘာဖြစ်လို့ အသတ်ခံရတာလဲအန်ကယ်"

မီးငယ်မေးခွန်းက ထင်လင်းသိုက်အဖို့ ဖြေရခက်စေသည်။

"ဟင်း ... နေမြင်ညပျောက်ပဲနော်အန်ကယ်။
ဒီလိုသေသွားလိမ့်မယ်လို့ မထင်ထားမိဘူး ကျောင်းရောက်ရင် သူကရေချယ့်ကို စကားနာထိုးလို့ အချင်းချင်းစကားနိုင်လုရအုံးမယ်
ထင်ထားခဲ့တာ"

သက်ပြင်းချကာ သူ့ရင်ခွင်ထဲတိုးဝင်လာတဲ့
မီးငယ်အသံက အားလျော့စွာတိုးလွန်းနေသည်။ နဖူးထပ်မှာဝဲကျနေတဲ့ဆံနွယ်တချို့ကို သပ်တင်ပေး၍ အလိုက်သင့်ပြန်ဖက်ထားပေးရသည်အထိ ဒီကလေးကအားပေးမှုလိုအပ်နေတာ။

HUSBAND:DaddyWhere stories live. Discover now