Part - 81

33.3K 1.3K 154
                                    

Unicode

ယုံကြည်ရတဲ့လူဆီက သစ္စာဖောက်ခံရတဲ့ ခံစားချက်က ရင်ဘတ်တစ်ခုလုံးတင်းကြပ်သည်အထိနာကျင်ရသည်။တစ်လောကလုံးနဲ့တစ်ယောက်ရပ်တည်နေရသလိုမျိုး ၊ ဘယ်သူ့ကိုမှ ယုံကြည်လို့မရဘူးဆိုတဲ့ ခံစားချက်က အမှန်တရားကိုအမှတ်မထင်သိလိုက်ရတဲ့အချိန်မှာ စတင်သည်။

ခေါင်းထဲအတွေးဗလာဖြစ်နေပေမဲ့ မျက်ရည်ပူတွေက မျက်ဝန်းကနေတဆင့်... သို့သော် နွေးထွေးတဲ့ လက်တစ်စုံက ထိုမျက်ရည်ပူတွေကို သုတ်ပေးပြီး၊လက်ကိုဆုပ်ကိုင်ထားပေးသည်။

"ကလေး သတိရလာပြီလား"

"အန်ကယ်"

"အင်း ကိုယ်ရှိတယ်။ဘာမှမဖြစ်ဘူး ကိုယ်ရှိတယ်လေ"

"တောင်းပန်ပါတယ်"

"မဟုတ်တာပဲ မီးငယ်ကလေးကအပြစ်မှမရှိတာ"

"လူလိမ် ... အန်ကယ့်ကိုအထင်လွဲပြီးစိတ်ဆိုးခဲ့တာ ပြီးတော့ နောက်ထပ်အပြစ်တွေလည်းအများကြီးပဲ အန်ကယ်ကအပြစ်မယူပေမဲ့
ရေချယ်သိပါတယ်"

"အဲ့တာတွေကအပြစ်မှမဟုတ်တာ။ကလေးလေးမို့ ဆိုးတာနွဲ့တာမှန်း ကိုယ်သိတာပေါ့...မီးငယ်မှာ အပြစ်မရှိပါဘူးကွာ။အပြစ်လုပ်ထားတယ်လို့ 
မတွေးရဘူးလေ"

"အန်ကယ်"

"အင်း ကိုယ်ရှိတယ်"

"ရေချယ့်ကိုချစ်လား"

"ချစ်တာပေါ့"

"မချစ်နဲ့တော့။ရေချယ်က အန်ကယ့်အချစ်နဲ့
မထိုက်တန်ဘူး...အရမ်းဆိုးတာ"

"အဲ့လိုဆိုးတာလေးကိုပဲ ချစ်နေတာဆိုရင်ရော"

"ဟင့်အင်း မချစ်နဲ့တော့။အန်ကယ့်ကိုအားနာတယ်။ တစ်ချိန်လုံးစောင့်ရှောက်ပေးခဲ့တာကိုတောင်မယုံကြည်ပေးခဲ့မိဘူး"

ပြောပြီးတာနဲ့ စောင်ကိုဆွဲခြုံကာခေါင်းအထိလုံအောင် ခြုံ၍ တစ်ဖက်လှည့်နေလိုက်၏။

အန်ကယ့်ကိုအားနာတယ်။ငယ်ငယ်ထဲက ဂရုစိုက်ခဲ့တဲ့လူကို ရေချယ်မို့လည်း မယုံသင်္ကာနဲ့စိတ်ဆိုးပြီးထွက်သွားမိတယ်။ပြီးတော့ ကွာရှင်းခိုင်းခဲ့သလို၊တွေ့ခွင့်တောင်မပေးခဲ့တဲ့အထိ
ဆိုးခဲ့မိတယ် အဲ့ဒီအမှားတွေအကုန်လုံးကို
အန်ကယ်ကခွင့်လွတ်တာသိပေမဲ့ အဲ့ဒီခွင့်လွှတ်မှုတွေ၊အချစ်တွေနဲ့ ရေချယ်က မထိုက်တန်တဲ့သူပါ။

HUSBAND:DaddyWhere stories live. Discover now