Part - 85

25K 1.1K 51
                                    

Unicode

ဆေးရုံခန်းရဲ့ ပြတင်းပေါက်ဆီ ဘေးတစောင်းမျက်နှာလှည့်ကာ လက်ထဲမှာလည်း နှင်းဆီဝါတစ်ပွင့်ကို မီးငယ်ကကိုင်ထားသည်။

ဒီကလေးမှာ ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်းကို
ဘယ်လိုပြောပြရပါ့။သိသွားရင်ရော သူမဗိုက်ထဲက ကလေးလေးကို လက်ခံနိုင်ပါ့မလား
စိတ်ပူရပြန်သည်။မီးငယ်က idolတစ်ယောက်မို့ ကိုယ်ဝန်ဆောင်တဲ့ကိစ္စက သူမရဲ့အောင်မြင်မှုလမ်းကြောင်းကို အနည်းနဲ့အများတော့ထိခိုက်စေမှာ သူသိထားတာမို့ စိတ်ပူကာ ပြောသင့်မပြောသင့်တွေဝေနေပြီ။

"လင်းသိုက်"

"အင်း"

"ကလေးကိုပြောပြလိုက်လေ။ဒီလောက် ပျော်စရာကောင်းတဲ့ကိစ္စကို မီးငယ်လည်းသိသင့်တာပေါ့ကွ"

"ကိုယ်ကြောက်တယ်"

"မင်းလိုလူက ကြောက်တတ်တယ်"

"မီးငယ်လက်မခံမှာ၊စိတ်ဆင်းရဲမှာကို ကိုယ်ကြောက်တယ်"

"အပြင်ခဏထွက်ရအောင်"

ခေါင်းညိတ်ပြပြီး လေးကန်တဲ့ခြေလှမ်းတွေနဲ့သာ မင်းသန့်နောက်ကိုလိုက်လာခဲ့မိသည်။အပြင်ကိုရောက်တာနဲ့ မင်းသန့်ပြုံးမောင်က
သူ့ဗိုက်ကိုခပ်သာသာထိုးကာ..

"မီးငယ်လည်းပျော်မှာပေါ့ သူတောင်းစားရဲ့။မီးငယ်အကြောင်း မင်းမသိဘူးလား"

"သိတယ် သိလို့ကိုယ်စိတ်ပူနေတာ။မီးငယ်က အငယ်ဆုံးလေးလေ... အငယ်ဆုံးလေးက သူ့ထပ်အငယ်တွေ ရောက်လာတဲ့အခါ ကိုယ်တို့သူ့အပေါ်အချစ်လျော့လိမ့်မယ်လို့တွေးလိုက်မှာ ကိုယ်စိုးရိမ်တယ်။မီးငယ် စိတ်မချမ်းသာတော့မှာ ကိုယ်ကြောက်နေမိတယ်"

"စိုးရိမ်စိတ်ကိုလျော့မှပေါ့ကွာ... မပြောကြည့်ပဲ ဘယ်သိနိုင်ပါ့မလဲ။ကြိုးစားကြည့်"

"မင်းတို့ တစ်နေရာကိုရှောင်နေပေးမလား"

"အေး ရတယ်လေ။ကလေးကိုနားဝင်အောင်တော့ ပြောအုံးနော်"

"ကိုယ်သိပါတယ်"

"ဒါနဲ့..."

"အင်း"

"မင်းပျော်ရဲ့လား"

"ပျော်တယ် ။ကိုယ်သိပ်ပျော်နေတာ"

HUSBAND:DaddyWhere stories live. Discover now