Part - 49

21.3K 992 119
                                    

Unicode

"ဟယ်လို"

"-ီးလားဗျာ။ ဒီအချိန် လူအိပ်ချိန်ဗျ။ ဒါတောင်နားမလည်ဘူးလား... လူမှုရေးမသိလိုက်တာ"

"ကိုယ် ထင်လင်းသိုက်ပါ"

"အဲ့တော့ ထိုင်ကန်တော့ရမှာလား။ကိုးကွယ်ထားရမှာလား"

တစ်ဖက်ကစကားကြောင့် ထင်လင်းသိုက် နှုတ်ခမ်းတစ်ဖက်မဲ့ကာပြုံးလိုက်မိသည်။
ဒီကောင်လေး စကားပြောတာ တကယ်မယဥ်ကျေးဘူးပဲ။

"Daniel King "

"ပြောပါဗျာ စိတ်ဆင်းရဲတယ်ခင်ဗျားနဲ့လည်း"

"မင်းပြန်အိပ်ပျော်နေပြီလားလို့ပါ"

"အိပ်ယာဝင်နောက်ကျလို့အိပ်ချင်တယ်ဗျ
သောက်ရစ်မရှည်ပဲ လိုရင်းပြော"

"အိပ်ယာဝင်နောက်ကျတာ မင်းအပြစ်ပဲလေ"

"မိန်းမမရသေးတဲ့လူတွေက အိပ်ယာဝင်နောက်ကျတာကို ဘယ်နားလည်ပါ့မလဲ။အထူးသဖြင့် ဦးထင်လင်းသိုက်လို ၃၇နှစ်အရွယ် လူပျိုကြီးတွေက ဒါကိုမသိဘူး။ သေချာလည်းစစ်ဆေးကြည့်ပါအုံး ခင်ဗျားအဖေရဲ့ အမွေပစ္စည်းက အလုပ်လုပ်သေးရဲ့လားလို့"

"မင်းကိုယ်တိုင်လာစမ်းသပ်လို့ရပါတယ်"

"ဘာဗျ ! ဒီဘဲ စောစောစီးစီးလာရစ်နေတာလား။ ရစ်စရာမိန်းမမရှိဘူးလားဟမ် ... မရှိရင်
ကိုယ့်အမွေးကိုယ်ထိုင်ရစ်နေ"

"မင်းတကယ့်ကို ဘုကလန့်ပဲ"

"တော်စမ်းပါဗျာ ... လိုရင်းပြော။ ဒါလူအိပ်ချိန်"

"ကိုယ်တို့ဆီမှာတော့ လူနိုးချိန်ပဲ"

"အေးဗျ အဲ့တာခင်ဗျားတို့မြန်မာနိုင်ငံလေ
ကျုပ်တို့ပြင်သစ်မှာက ဒီအချိန်လူ-ိုးချိန်ပဲရှိသေးတာ"

"ဒါပေမဲ့ မင်းကတော့အိပ်နေတယ်မလား"

"ဘောကိုအိပ် ။ -ီးကိုအိပ်"

ဆဲသံတွေမွှန်ထူသွားပုံထောက် တော်တော်လေးမှ ဒေါသထွက်နေမှာပဲ။ပြင်သစ်ကပြန်လာကတည်းက Daniel Kingဟာ ဘယ်လိုလူလဲ ထင်လင်းသိုက်စုံစမ်းခဲ့သည်။မြောက်ဘက်နယ်မြေရဲ့ ခေါင်းဆောင် ၊ Kingdomရဲ့အရှင်သခင် ဖြစ်နေတဲ့အပြင် ဘိန်းဘုရင်
တစ်ယောက်ဖြစ်နေယုံသာမကပဲ အင်ဂျင်နီယာပါ ဖြစ်နေတဲ့ ဒီကောင်လေးက အရင်တစ်ခါကလည်း မီးငယ်ဝတ်စုံအတွက် ကူညီပေးဖူးသေးသည်။

HUSBAND:DaddyWhere stories live. Discover now