Part - 12

24.3K 1K 53
                                    

Unicode

"ကိုယ့်ကို တစ်ခုတော့ကတိပေးရမယ်မီးငယ်"

"ဘာကိုလဲဟင်"

"မီးငယ် instagramအကောင့်ကိုဖျက်လိုက်"

Mနဲ့ချီတဲ့Followerတွေရှိတဲ့အပြင် ရေချယ့်ရဲ့ အေးချမ်းရာရပ်ဝန်းကိုမှ ဖျက်ဆီးခိုင်းနေတဲ့
အန်ကယ့်ကို နားမလည်နိုင်စွာကြည့်မိ၏။

"ပြီးတော့ ဘယ်သူ့ပွဲမှာမှ ရှိုးလျှောက်စရာမလိုဘူး။ စီစဉ်သူနဲ့ခင်လို့၊ဘယ်သူကြောင့်ဆိုတာတွေလည်း ကိုယ်လက်မခံဘူးမီးငယ်"

"အန်ကယ် ဘာတွေပြောနေတာလဲ။ ဟိုမိန်းမနဲ့ အဆက်အသွယ်မလုပ်ရဘူးလို့ပြောလို့ ရေချယ့်ကိုပြဿနာရှာနေတာလား"

"အဲ့ဒီအလုပ်တွေကို ကိုယ်သဘောမကျလို့ မကျဘူးပြောနေတာ။ ဆက်မလုပ်ရဘူးမီးငယ်။
အကောင့်ကိုလည်း အခုချက်ချင်းဖျက်"

"ဟာ ! ဘယ်လိုကြီး"

"မင်းပုံတွေကြည့်ပြီးရူးနေတဲ့ကောင်တွေရှိတယ်။ ကိုယ်လက်မခံနိုင်တော့ဘူး"

"အန်ကယ်ဘာဖြစ်နေတာလဲ။social media သုံးတာကို ကန့်ကွက်ရအောင်
ရေချယ်ကကလေးမဟုတ်တော့ဘူး"

"အေး အဲ့ဒီကလေးမဟုတ်လို့ပဲ ပြောနေရတာပေါ့။မင်းကိုမျက်စိကျနေတဲ့ယောကျာ်းကြား
ရယ်နေ၊ပြုံးနေတဲ့ပုံတွေက ဘယ်လောက်ထိ
အန္တရာယ်များတယ်ထင်လဲ"

"မဟုတ်သေးဘူးအန်ကယ်။ ရေချယ်က
မဟုတ်တာတွေတွေတင်နေတဲ့လူ မဟုတ်ဘူးနော် "

ခုနကမှ ငြိမ်းချမ်းရေးပြန်ရတဲ့ သူတို့ကြားက အခြေအနေက ချက်ချင်းပြန်ပြီးခက်ထန်သွားရပြီ။ မီးငယ်မျက်နှာလေး စိတ်ရှုပ်နေပုံပေါ်နေပေမဲ့ သူလက်လျော့လို့မဖြစ်ပါ…သူသာ လက်လျော့လိုက်ရင် မီ့မောင်ဆိုတဲ့ကောင်က
မီးငယ်ကိုဆက်ရူးနေတော့မှာ။ သို့ဖြစ်၍ မီးငယ်ပခုံးကနေဖက်ကာ ရင်ခွင်ထဲဆွဲသွင်း၏။

"မဆိုးရဘူးမီးငယ်ရယ်… ဖျက်လိုက်ပါကွာ။
မီးငယ်လှတာ ကိုယ်တို့သိရင်ရပြီပဲမဟုတ်လား"

"မဖျက်ဘူး ။ နောက်လည်း ပုံလှလှလေးတွေ အမြဲတမ်းတင်နေအုံးမှာ"

"လုပ်ကြည့်လေမီးငယ်။မီးငယ်မျက်နှာကို
မဖျက်ဆီးလိုက်ဘူးလို့ ကိုယ်လည်းအာမခံဘူး။ အဲ့ထပ်ဆိုးတာတွေမလုပ်ပါဘူးလို့လဲ မပြောနိုင်ဘူးနော်မီးငယ်"

HUSBAND:DaddyWhere stories live. Discover now