Part - 70

24.2K 1.1K 165
                                    

Unicode

"ထင်လင်းသိုက်မင်္ဂလာပွဲကိုတော့ မင်းသိပြီးသားဖြစ်မှာပါဆုရည်နှင်း။ဒါပေမဲ့ ဂျပန်မှာဖြစ်နေတော့ လာနိုင်မှာမဟုတ်ဘူးမလား"

"ရှင် ! သိုက်က မင်္ဂလာဆောင်တော့မယ် ဟုတ်လား"

"မင်းမသိသေးဘူးကို"

အားလုံးနီးပါးသိသည့်ကိစ္စ၊L Groupထောင်ချီ၊ရှယ်ယာရှင်တွေအားလုံးတတ်ရောက်မည့် မင်္ဂလာပွဲကို ဆုရည်နှင်းတစ်ယောက်သာမသိရသေးသည်က သူမဒေါသကိုနှိုးဆလိုက်သလိုပင်။

"မင်းကဂျပန်မှာမို့ တကူးတကလာရမှာဆိုးလို့ မင်းကိုမပြောရသေးတာနေမှာ။သူတို့လည်း
စီစဥ်စရာတွေနဲ့ မအားလပ်တာများနေတာရောပါမှာပေ့ါလေ"

"ဘယ်နေ့လဲအန်ကယ်။သိုက်ရဲ့မင်္ဂလာဆောင်က ဘယ်နေ့လဲ၊ဘယ်သူနဲ့လက်ထပ်မှာလဲ။
အဲ့လောက်တော့ဆုကိုပြောပြလို့
ရတယ်မလားဟင်"

"မင်္ဂလာဆောင်ကမနက်ဖြန်။သတို့သမီးကတော့ မင်းသိပြီးသားဖြစ်မှာပါ...လင်းသိုက်ပေါက်စလေး"

"သြော် ဟုတ်ကဲ့။ကျေးဇူးပါအန်ကယ်။မင်္ဂလာဆောင်ကို ဆု မလာနိုင်ပေမဲ့ ... ပျော်ရွှင်ကျပါစေလို့ ဆုတောင်းပေးပါတယ်"

ဖုန်းကိုခပ်မြန်မြန်ချလိုက်ပြီးသည်နှင့် ဆုရည်နှင်းရဲ့ မျက်ဝန်းထဲမျက်ရည်စတို့ပြည့်လျှံလာလေသည်။ သူမကသာ သိုက်အတွက်စုံစမ်းပေးနေပေမဲ့ သိုက်ကတော့ သူမကိုလျစ်လျူရှူကာ အဲ့ဒီကလေးမနဲ့ လက်ထပ်တော့မယ်ဆိုတာ တရားရဲ့လား။ဒါမှမဟုတ် Light စံအိမ်ရဲ့ထုံးတမ်းကိုသိသွားလို့ လက်ထပ်ကျတာပဲလား။မဖြစ်နိုင်ပါ ၊ အဲ့ဒီထုံးတမ်းကို သူမ သိခဲ့တာကလည်း Lightစံအိမ်ထဲကလူတစ်ယောက်ဆီကမို့.. သူမသာအသိမပေးရင် သိုက်တို့သိသွားဖို့က
မဖြစ်နိုင်။

ခေါင်းထဲရောက်လာတဲ့အသိတစ်ချို့ကြောင့်
ဆုရည်နှင်းရဲ့နှုတ်ခမ်းတွေက ကော့ညွှတ်ကာပြုံးလာသည်။ ထို့ကြောင့် ဖုန်းကိုထုတ်ကာ နံပါတ်တစ်ခုဆီသို့...

"ရှင်တို့လိုက်ရှာနေတဲ့ ရုဒါအိုဘယ်မှာရှိလဲ ကျွန်မသိတယ်"

တစ်ဖက်က လှုပ်လှုပ်ရှားရှားဖြစ်သွားတဲ့အသံတွေ​နဲ့ ဆုရည်နှင်းရဲ့ အသိပေးမှုများစွာ...ဒီလောက်ဆို သိုက်ရဲ့မင်္ဂလာပွဲကဖြစ်လာနိုင်အုံးမလား။ ကိုယ်မှမပိုင်ရရင် သူများကိုလည်း
မပိုင်ဆိုင်စေချင်ဘူးသိုက်ရယ်။

HUSBAND:DaddyWhere stories live. Discover now