Part - 28

23.3K 988 201
                                    

Unicode

ခေါင်းထဲရီဝေဝေဖြစ်ကာ သူ့ရဲ့အမြင်အာရုံထဲ အမှောင်ထုကလွဲပြီး ဘာမှမမြင်ရချေ။ အေးစက်စက်ခံစားမှုက သူအခုဘယ်နေရာမှာ ရောက်နေတာလဲ မသိ။တိတ်ဆိတ်သည်။ အေးစက်စက်နိုင်သည်။ပြီးတော့ ခြောက်ကပ်ကပ် နိုင်သည်။

အခုရောက်နေတာ အိမ်ထဲမှာလား။ဒါဆိုရင် သူ့ရဲ့မီးငယ်လေးကရော၊တိတ်ဆိတ်နေတဲ့အိမ်မှာ မီးငယ်အသံလည်းမကြားရပါဘူး။အဲ့ဒီကလေး ဘယ်ဆီရောက်သွားပြီလဲ။အမှောင်ကို ကြောက်တဲ့ကလေးမို့ အမှောင်ထုထဲ အဆင်ပြေပါ့မလားစိုးရိမ်ကာ ဘယ်ညာကြည့်ရင်း လိုက်ရှာသည်။

"သိုက်"

ခေါ်လာတဲ့အသံကြောင့်လှည့်ကြည့်လိုက်တော့…

"ယူကီကို ! "

"ငါ့သမီးကိုပြန်လာခေါ်တာ"

"ဘာအတွက်လဲ၊ကလေးကို မွေးပြီးထဲက စွန့်ပစ်ခဲ့တာမင်းတို့ပဲလေ။အဲ့ဒီအတွက်ထဲက ကိုယ်ပဲနည်းအမျိုးမျိုးနဲ့စောင့်ရှောက်ခဲ့တာ။
ပြန်မပေးနိုင်ဘူး"

"ဟား… မင်းကအရူးပဲသိုက်။ငါ့တို့သမီးကို
လာပြန်ခေါ်လာတာကို နင်တားလို့မရဘူး။ တမလွန်ကို ငါတို့ပြန်ခေါ်သွားမယ်"

ဂျွန်ရောပါ ယူကီကိုဘေးမှာအလိုလိုပေါ်လာကာ သူ့အတွက်ခြောက်ခြားစရာတွေကိုပြောနေ၏။ ထိုစကားကို လက်မခံနိုင်တာ ထင်လင်းသိုက်က ခေါင်းခါကာ…

"ပြန်မပေးနိုင်ဘူး။ဘာအတွက်လဲ ဘာအတွက်ကြောင့် ကလေးကိုထပ်ပြီး ဒုက္ခတွေပေးချင်နေတာလဲ"

"ငါတို့ပြန်ခေါ်သွားမယ် ဟား ဟား… ဟား ဟား ဟား"

အော်သံနက်ကြီးကြောင့် သူ့ခေါင်းကိုငုံ့ကာ နားပိတ်လိုက်သည်နှင့် ထိုအသံတွေက ချက်ချင်းပျောက်သွားသည်။သူတို့ ဘယ်ကိုရောက်သွားတာလဲ။မဟုတ်မှ… မီးငယ်ဆီကိုလား။မီးငယ်ကိုပြန်ခေါ်တော့မှာလား။ အတွေးတချို့ကြောင့်
ရင်ထဲပူလောင်လာ၏။ပတ်ဝန်းကျင်ကိုကြည့်တော့လည်း အမှောင်ထုကသာကြီးစိုးနေသည်မို့ မီးငယ်ကိုစိတ်ပူကာ ပြေးလွှားအော်ဟစ်ခေါ်တော့သည်။

"မီးငယ် ! ကလေးရေ … ပြန်ထူးပါအုံးကွာ ဘယ်တွေရောက်နေတာလဲ မီးငယ်ရေ"

HUSBAND:DaddyWhere stories live. Discover now