Part - 57

20.3K 1K 84
                                    

Unicode

မိုးလင်းလင်းချင်းအညောင်းပြေအညာပြေ
ဝရံတာကို ထွက်လာသည့်မင်းသန့်အတွက် ကျက်သရေမရှိတဲ့ မြင်ကွင်းကစောင့်ကြိုနေ၏။

"အိုက်ယားးး"

လက်နှစ်ဖက်ဆန့်တန်းကာအညောင်းဆန့်လိုက်ရင်း ခြံထဲကိုကြည့်လိုက်မိသည်။မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်....

"ဂုဏ်နဂါး ... ဂုဏ်နဂါး ဟေ့ကောင်"

ဝရံတာလက်ရန်းကိုပိတ်ထုရင်းအော်လိုက်ပေမဲ့ နဂါးက အေဇင်ဆိုတဲ့ကလေးမနဲ့သာစကားပြောနေ၏။ အေဇင်ကရော မနက်စောစောစီးစီးသူများအိမ်ကို ဘာလာလုပ်တာလဲ။အခုမှ ၉နာရီပဲရှိသေးတာကို။

"ဂုဏ်နဂါး .. မောင်ခေါ်နေတာကြားလား။နဂါးလို့"

စိတ်ဆိုးနေတာကိုမေ့ပြီး အသံကုန်အော်လိုက်တော့ သူတို့ဘေးမှာရပ်နေတဲ့မီးငယ်က မော့ကြည့်လာသည်။ပြီးမှ ဂုဏ်နဂါးရဲ့လက်မောင်းကိုတွဲကာ အနားနားကပ်ပြီး တစ်ခုခုပြောလိုက်မှ နဂါးကသူ့ထံမော့ကြည့်လာ၏။

"မင်းနိုးပြီလား"

"အေး မင်းတ်ို့အဲ့မှာဘာလုပ်နေတာလဲ အထဲဝင်လေ"

"နေပါစေ။ ငါနဲ့အေဇင် အပြင်ခဏသွားမလို့"

"ဟမ် ! ဘယ်ကိုလဲ။ဘယ်သွားမှာလဲ။ နှစ်ယောက်ထဲလား"

"ကိုမင်းသန့် အေဇင်ကမီးငယ်ဆီလာရင်း အပြန်ကျရင် အေဇင့်ကိုကို ကိုခဏလောက်အပြင်ခေါ်သွားမလို့"

ထိုစကားကြောင့် မင်းသန့်မျက်နှာမဲ့လိုက်မိသည်။ ကိုကိုတဲ့ ဝေါ့ ဝေါ့ ... အခုမှခွေးတိုးပေါက်က တတ်လာတဲ့ကလေးမကများ ပိုင်စိုးပိုင်နင်းနဲ့ အေဇင့်ကိုကိုတဲ့။

"မင်းသန့်ပြုံးမောင်တဲ့ ငါနဲ့တွေ့မယ်"

မကျေနပ်စွာကျုံးဝါးရင်း ညဝတ်အင်္ကျီရဲ့ လက်ကိုပါပင့်တင့်ကာအောက်ထပ်ကိုအပြေးတစ်ပိုင်းဆင်းလာခဲ့၏။အခုချိန်မှာ စိတ်ဆိုးနေတာတွေလည်း မင်းသန့်သတိမရနိုင်တော့။သူသိတာက အေဇင့်ကိုကိုဆိုတဲ့ အသုံးအနှုန်းကိုသာ။

"သြော် ... မောင့်နဂါးကို အေဇင်ကအပြင်ခေါ်သွားချင်လို့လား။နဂါးကရောလိုက်ချင်လား မောင့်ကိုဖြေအုံးလေ"

HUSBAND:DaddyWhere stories live. Discover now