Part - 84

25.2K 1.2K 77
                                    

Unicode

ဝေါ့...

"ဟ မင်းရောလား"

တစ်ယောက်ကပြန်ထွက်မလာသေးခင် အပြင်မှာကျန်နေခဲ့တဲ့တစ်ယောက်ကပါ ပျို့တတ်လာတာကို မင်းသန့်သိပ်ပြီးမသင်္ကာချင်တော့။

"အဆင်ပြေလား"

"ရတယ် ရတယ် ကိုယ်ဘာမှမဖြစ်ဘူး"

"မင်းနဲ့မီးငယ် အစားများသွားကျတာထင်တယ်"

"အစားမှားတာပါ"

"အေး အစားမှားတာရှိလားမေးတာကွာ"

"ကိုယ်တို့စားတာကလည်း နဂါးချက်တဲ့ဟင်းပဲလေ။ မင်းတို့နဲ့အတူတူပါပဲ"

"မင်းတို့က ပိုစားကျလို့နေမှာပါ။မနက်လည်းစား၊ညလည်းစား"

"ဘာကိုလဲ"

"ထမင်းလေကွာ... ဘာတွေတွေးနေတာလဲ"

ကယောက်ကယက်နိုင်လွန်းတဲ့ မင်းသန့်ရဲ့စကား
ကြောင့် ခေါင်းခါကာ ရေဘူးကိုသာယူပြီးမော့ချလိုက်၏။ခဏလောက်ကြာမှ မီးငယ်နဲ့ဂုဏ်နဂါးက ထွက်လာတာမို့ ထင်လင်းသိုက်ရဲ့ခြေလှမ်းတွေက
မီးငယ်ဆီကို..

"အဆင်ပြေလား ကလေး။ ဘယ်လိုနေလဲ နေရ၊ထိုင်ရအဆင်မပြေရင် ဒီခရီးကို ကိုယ်တို့မလိုက်လည်း ရတယ်လေ..ဟင် မီးငယ်အဆင်ပြေရဲ့လား"

"ဖြေးဖြေးမေးပါအန်ကယ်ရာ။အဆင်ပြေပါတယ် ခရီးကမလိုက်လို့မဖြစ်ဘူးလေ"

"မီးငယ်ကို မလိုက်မဖြစ်လိုက်ရမယ်လို့ ဘယ်သူကပြောလဲ"

"ဟီး မီးငယ်ကပြောတာလေ"

သူ့ရင်ဘတ်လေးသူပုတ်ပြကာ ချစ်စဖွယ်ဆိုလာတဲ့ ကလေးကြောင့် ၃ယောက်သားပြိုင်တူပြုံးမိကျ၏။မီးငယ်က သူ့တို့အတွက်ရင်အေးစေတဲ့သက်ရှိလေး။

"ခရီးတော့သွားကျမယ်နော် ချိန်းထားတဲ့အချိန်ကပ်နေပြီ။သွားကျမယ်အန်ကယ်တို့ အထုပ်တွေ ယူ ယူ"

"ဟုတ်ပါပြီဗျာ မင်းသမီးလေးကကားပေါ်ကစောင့်ပါ ကိုယ်တို့ယူလာပေးပါ့မယ်"

"ဟိုက် အဲ့တာဆို အမြွှာတို့ကိုသွားစို့လို့ အော်လိုက်အုံးမယ်"

"ကောင်းပါပြီဗျာ "

"ဖြေးဖြေးသွားနော် မီးငယ်။ မပြေးနဲ့..."

HUSBAND:DaddyWhere stories live. Discover now