Part - 80

27.2K 1.2K 147
                                    

Unicode

"မင်းတို့လန်ဒန်ကိုသွားမဲ့ကိစ္စ ကိုယ်လည်းမသိရပါလား။ဘယ်လိုဖြစ်တာလဲ ရုတ်တရက်ကြီး"

"လက်ထပ်မှတ်ပုံတင်ဖို့ပါကွာ...သိပ်လည်းမကြာပါဘူး။ မင်းက ဒီရက်ပိုင်းအလုပ်ကြွေးဆပ်နေလို့ မပြောရသေးတာ ... အခုပြောပြီလေ"

ပြောပြီလေဆိုတဲ့စကားအဆုံး မင်းသန့်ပြုံးမောင်က ထင်လင်းသိုက်ကိုကျော်ပြီး မီးငယ်ကိုကြည့်သည်။သူမလေးက မေးဆတ်ပြကာ လက်မထောင်ပြတော့မှ...

"ဒီမှာကျတော့ တရားဝင်ဖြစ်ဖို့အဆင်မပြေဘူး
မလား။Kingကပြောတယ် ဟိုမှာ သူ့သူငယ်ချင်းတို့အတွဲက တရားဝင်လက်ထပ်ထားတယ်တဲ့။ငါတို့လည်းအားကျတယ်လေကွာ...
အဲ့တော့ အဲ့ဆီကိုသွားပြီး
လက်ထပ်မှတ်ပုံတင်ကျမယ်လို့ တိုင်ပင်မိကျတာ။ ငါတို့က အစထဲက အဲ့ကနိုင်ငံသားခံယူထားကျတာဆိုတော့လေကွာ"

"ကိုယ်နားလည်ပါတယ်"

"ဒီမှာ မင်းနဲ့မီးငယ်ပဲကျန်ခဲ့မှာ အဆင်ပြေတယ်မဟုတ်လား"

"ပြေပါတယ်၊ပြေတာပေါ့...ဘာမပြေစရာရှိလဲ"

"တကယ်ပြေရဲ့လား မင်းကြည့်ရတာမပြေသလိုပဲ ဒါဖြင့်လည်း.."

"သွားပါ အခုသွားလည်း ကိုယ်အဆင်ပြေတယ်။ ရက်ကြာလေ ပိုပြီးအဆင်ပြေလေပဲ"

မီးငယ်ဘက်ကိုစောင်းငဲ့ကြည့်ပြီးပြောလိုက်တဲ့ ထင်လင်းသိုက်ကြောင့် မင်းသန့်နဲ့နဂါးပြုံးစိစိဖြစ်သွား၏။

တစ်ယောက်ကလည်း လန်ဒန်ကိုအတင်းနှင်ထုတ်သလို ၊ ကျန်တဲ့တစ်ယောက်ကျပြန်တော့လည်းရက်ကြာလေကောင်းလေပဲတဲ့။
ဒီနှစ်ယောက်ကြားမှာ သူတို့က လူပိုကြီးတွေဖြစ်နေခဲ့တာပဲ။

"တကယ်အဆင်ပြေတယ်ဆို ငါတို့ပြင်စရာရှိတာလေးတွေပြင်လိုက်အုံးမယ် ၊ မီးငယ်နဲ့နှစ်ယောက်ထဲနေခဲ့ဖို့တကယ်အဆင်ပြေတာ ဟုတ်ပါတယ်နော်"

"ကြိုးနဲ့တုပ်ပြီး လေယာဥ်ပေါ်တင်မပေးခင် သွားလိုက်တာပိုကောင်းမယ်မင်းသန့်"

"ဘော .. အကောင်းနဲ့လည်းမေးရသေးတယ်"

ပွစိပွစိရေရွတ်ပြီး မင်းသန့်တို့ထွက်သွားတော့မှ ထင်လင်းသိုက်မျက်နှာကြီးက ခုနကနဲ့ခြားနားစွာပြုံးရွှင်လာသည်။

HUSBAND:DaddyWhere stories live. Discover now