Extra (4)

47.3K 2.1K 1.9K
                                    


သံပတ်ပေးစရာမလိုပဲ အလိုအလျောက်အကျင့်ပါနေတတ်တဲ့စိတ်ကြောင့် နံနက်ခြောက်နာရီဆို လွန်းနိုးနေတတ်ပြီဖြစ်သည်။ မျက်လုံးကိုအသာဖွင့်ကာကြည့်လိုက်တော့ တည်ငြိမ်စွာအိပ်မောကျနေတဲ့ချစ်ရသူလေးက တုပ်တုပ်မျှမလှုပ်။ ငြိမ်သက်နေတဲ့မျက်ခွံအဖျား၌ သိသိသာသာကော့စင်းနေတဲ့မျက်တောင်ရှည်လေးတွေက ထိရက်စရာမရှိအောင်မြတ်နိုးဖွယ်ရာအတိ။

လက်မထပ်ခင်အချိန်ကာလက ဤသို့သောအချိန်ရောက်သည်နှင့် သူ့အားအမြဲလာချောင်းတတ်တဲ့ ဟန်နရီဗစ်တာကယခုတော့မနက်ရှစ်နာရီတောင်ထဖို့ မနည်းနှိုးယူနေရပြီဖြစ်သည်။

" ကိုကို "

သူ့အားတင်းကျပ်စွာဖက်ထားသည့်လက်တွေကို ဆွဲဖယ်လိုက်သော်လည်းလွှတ်မပေးတာကြောင့် ပွင့်မလာတဲ့မျက်ခွံလေးအားဖိကပ်ကာနမ်းရှိုက်လိုက်သည်။ ဒါတောင်မှသူ့အင်္ကျီစကို ဂျစ်တိုက်ပြီးဆွဲထားသေးသည်။

" ကိုကိုနဲ့တီတီးစားဖို့ထမင်းသွားကြော်လိုက်အုံးမယ် ရှစ်နာရီထိုးရင်မျက်နှာသစ်ပြီးအောက်ဆင်းလာနော် "

" ...... "

အနည်းငယ်နိုးနေမှန်းသိသော်လည်း ယခုလိုနံနက်စောစောအချိန်မှာ ထိုအိပ်ပုတ်ကိုဘာစကားမှသွားပြောလို့မရပေ။

" ကျွန်တော်ပြောတာနားထောင်နေတယ်ဆိုတာသိတယ်နော် ကလိထိုးပြီးအိပ်ရေးပျက်အောင်မလုပ်စေချင်ရင် ကျွန်တော့်ကိုလွှတ်ပေး "

အိပ်ရေးပျက်မှာတော့ကြောက်သေးပုံရသည်။ သူ့လက်ထဲတင်းတင်းဆုပ်ထားသည့် လွန်းရဲ့အင်္ကျီစလေးကိုလွှတ်ပေးကာ စောင်ပုံထဲခေါင်းတိုး၀င်သွားသည်။သဘောက သူအိပ်ချင်ပါသေးသည်ဆိုတဲ့သဘော။

" အများကြီးချစ်တယ် ရှစ်နာရီထိုးရင်အောက်ဆင်းလာခဲ့ "

စောင်ပုံထဲခေါင်းတိုး၀င်နေတာမို့ စောင်ပေါ်ထိုးထွက်နေတဲ့ဆံပင်တွေကိုခပ်ဖွဖွပွတ်ပေးကာလွန်းငုံ့နမ်းလိုက်သည်။ အတူနေတဲ့ကာလကြာမြင့်လာသည်နှင့်အမျှ တစ်ယောက်အကြိုက်တစ်ယောက်ကောင်းမွန်စွာနားလည်နေပြီဖြစ်သည်။
.
.
.
.
.
.
" ဗိုက်ဆာပြီ ပါပါး "

HANARY(S1+S2) Where stories live. Discover now