ပြုံးရောင်ဟပ်မျက်ဝန်း ၁

40 3 4
                                    

Smile reflection eye (p 1)
(ပြုံးရောင်ဟပ်မျက်ဝန်း)

တိတ်ဆိတ်ငြိမ်သက်နေတဲ့ library ခန်းထဲမှာ ကျောင်းသား ကျောင်သူတွေနဲ့ ခုံတိုင်းမှာ အေးဆေးစွာ စာလုပ်နေကြသည်။ ကျွန်တော်လည်း စာအုပ်တွေကို လိုက်လံရှာဖွေကာ formula များကို စာအုပ်ထဲသို့ ကူးယူနေလိုက်သည်။ ခဏကြာတော့ တိတ်ဆိတ်တဲ့ နေရာမှာ ခြေသံသဲသဲလေးကို ကြားလိုက်ရသည်။ အဲခြေသံက ကျွန်တော့်အနားမှာ ရပ်သွားပီး

''sing''

ကျွန်တော် မော့ကြည့်လိုက်တော့ library ခန်းမှာ တာဝန်ကျနေတဲ့ p'earth ကို တွေ့လိုက်ရသည်။ ကျွန်တော်က မေးဆပ်ပြတော့ သူက

''ရော့ မင်းလိုတဲ့ စာအုပ်တွေ ဘာလိုသေးလဲ''

ကျွန်တော် စာအုပ်တွေကို ကြည့်လိုက်ပီး

''ရတယ် p' ဒါတွေ အရင်လုပ်လိုက်မယ် လိုမှ ထပ်အကူအညီတောင်းမယ်နော်''

''အင်းပါ''

သူက ခုံမှာ ဝင်ထိုင်လိုက်သည်။ ပီးတော့ သူက

''sing ဆရာက နင်တစ်ယောက်တည်းကို လုပ်ခိုင်းတာလား နင့်သူငယ်ချင်းတွေပါ ဝိုင်းလုပ်ခိုင်းတာမဟုတ်ဘူး''

''မသိပါဘူး p' ရယ် ကျွန်တော့်ကိုပဲ ပြောတော့ ကျွန်တော်ပဲ လုပ်ပေးရတာပေါ့ သူတို့ကိုလည်း ကူခိုင်းမှာပါ''

''အေ့လေ နင်က တော်တာကိုး... ဟို နင်က second year တောင်ရောက်နေပီ လုပ်ခိုင်းတော့ first year စာတွေ''

''ကျွန်တော်တို့ နှစ်တုံးက ဆရာပြုစုခိုင်းတဲ့ ကျောင်းသားတွေထဲမှာ ကျွန်တော်လုပ်တာတွေကို ကြိုက်လို့တဲ့ အဲဒါ ဒီနှစ်ကျောင်းသားတွေကို ပြန်သင်ချင်လို့တဲ့''

''ဟာ ဒါ ဒီနှစ်ကျောင်းသားတွေကို လုပ်ခိုင်းရမှာမဟုတ်ဘူးလား''

''မသိဘူးလေ ဆရာ ဘယ်လို အတွေးနဲ့ လုပ်ခိုင်းတယ်ဆိုတာ formula တွေကို ရွေးကူးခိုင်းတာ တစ်ဆင့်ချင်းသင်ချင်လို့နေမှာပေါ့''

''အေးပါ လုပ်လုပ် p' စကားပြောလို့ အနှောင့်အယှက်ဖြစ်နေဦးမယ်''

''ဟုတ်ကဲ့''

ကျွန်တော် စာတွေဆက်ရေးနေလိုက်သည်။ p'earth က fourth year တက်နေရင်း အားတဲ့ အချိန် library မှာ အချိန်ပိုင်း လုပ်ပေးနေသည်။ p' ထွက်သွားပီး သိပ်မကြာပါ ခြေသံကြားရပြန်သည်။ ကျွန်တော့် ခုံနားရောက်တော့ ရပ်သွားပြန်သည်။ ကျွန်တော်မော့ကြည့်လိုက်တော့ nott ဖြစ်နေသည်။ သူက

ပြုံးရောင်ဟပ်မျက်ဝန်း (Unicode)Where stories live. Discover now