ပြုံး​ရောင်​ဟပ်​မျက်​ဝန်​း ၇၂

0 0 0
                                    

Smile reflection eye (P 72)
(ပြုံး​ရောင်​ဟပ်​မျက်​ဝန်​း)

စကယးမ​ပြောကြ​တော့ဘဲ ငြိမ်​ပြီး စား​နေကြသည်​။ ဟင်​းခပ်​ယူတဲ့သူက ယူ၊ ထမင်​းကိုနယ်​​နေသူက နယ်​၊ ထမင်​းဝါး​နေသူက ဝါးနှင်​့ အ​တွေးကိုယ်​စီနဲ့စား​နေကြသည်​။ par က
''mom ပီးရင် ကို်ယ်​ ဝယ်လာတဲ့ မုန့်တွေအကုန်ကျွေးလိုက်နော်''

''အင်းပါ ကျွေးမှာပေါ့''

par က
''ငါလည်း သူတို့ကို ခဏ ခဏ ခေါ်ရင် ကောင်းမယ် ပျော်စရာကြီး''

jan က
''ခေါ်ရင်လာပီးသားပဲနော် par ''

''အေးပါ အေးပါ ငါတို့လည်း သားသမီး များများမမွေးထားတော့ ပျင်းစရာကြီး ပျော်ဖို့ကောင်းအောင် kit မိန်းမရရင် သူ့ကို ကလေးများများမွေးခိုင်းရမယ်''

''ဟာ par ဘာတွေပြောနေတာလဲ''

ကျွန်တော် တားပီး p'sing ကို လှမ်းကြည့်လိုက်တော့ p'sing က မျက်နှာပျက်သွားပီးကျွန်တော့်ကို ကြည့်နေသည်။ ကျွန်တော်လည်း သူ့ကို ကြည့်နေလိုက်သည်။  သူငယ်ချင်းတွေကလည်း ကြောင်ပီး ကျွန်တော်တို့ကို ကြည့်နေသည်။ ဒါနဲ့ ကျွန်တော်က ပြုံးပြပီး

''p' စားလေ ယူဦးနော်''

''အင်း''

အဲတော့မှ သူက ပြုံးပြပီး ခေါင်းညိတ်ပြသည်။ p' စိတ်မကောင်းဖြစ်သွားတာကို ကျွန်တော် သတိထားမိပါတယ် ကျွန်တော်​အတွက် p' တစ်ယောက်တည်း ရှိနေရင် ရပီ ဘာမှ မလိုချင်ဘူး အဲဒါ အသေအချာဆိုတာ p' သိပါစေ။ ကျွန်တော် စားနေရင်းနဲ့ သူ့ကို တစ်ချက် တစ်ချက် လှမ်းကြည့်မိသည်။ သူကတော့ ဆက်စားနေသည်။ ကျွန်တော်တို့ရဲ့ ထမင်းဝိုင်းက တိတ်ဆိတ်သွားပီး စားနေကြတဲ့ ဇွန်းသံ များသာ ကြားနေရသည်။

''ချွင် ချွင်''

sing//
ကျွန်တော်တို့ပျော်ရွှင်ပီး စားသောက်နေတဲ့ အချိန်မှာ kit ရဲ့ par ပြောလိုက်တဲ့ စကားကြောင့် ကျွန်တော် စိတ်ထဲမကောင်းဖြစ်သွားသည်။ သူ့မိဘရဲ့ ဆန္ဒကို သိလိုက်ရတော့ စိတ်ပူသွားမိသည်။ ကျွန်တော်တို့ရဲ့ အခြေအနေကို သိသွားရင် ဘယ်လိုမှ လက်ခံနိုင်မှာ မဟုတ်ဘူးလို့ တွေးနေမိသည်။

ပြုံးရောင်ဟပ်မျက်ဝန်း (Unicode)Where stories live. Discover now