ပြုံး​ရောင်​ဟပ်​မျက်​ဝန်​း ၆၄

0 0 0
                                    

Smile reflection eye (P 64)
(ပြုံး​ရောင်​ဟပ်​မျက်​ဝန်​း)

kit//
par က p'sing တို့ လမ်းထိပ်ထိပို့ပေးခဲ့သည်။ p'sing ဆင်းသွားတော့ ကျွန်တော်တို့ သားအဖ အိမ်သို့ ပြန်လာခဲ့သည်။ အိမ်ရောက်တော့ mom က

''ဟော သား အဖ ဘယ်မှာ ဆုံလာတာလဲ''

par က
''ကိုယ် ဝင်ကြိုလာတာ''

''အော်''

ကျွန်တော်လည်း အနောက်ခန်းထဲဝင်သွားပီး စားပွဲပေါ် တင်လိုက်သည်။ mom က ရေဘူးလာယူရင်း

''သား ဘာတွေလဲ''

''မုန့်တွေ p'sing ဝယ်ကျွေးလိုက်တာ''

''ဟုတ်လား p'sing က ဘယ်သူလဲ''

''ဟို သားတို့ စီနီယာ oaujun ရဲ့ p' လေ''

''အော်... သား တစ်ခါတည်း ထမင်းစားတော့မလား ရေချိုးဦးမလား''

''ရေချိုးဦးမယ်''

''အေး အေး''

ကျွန်တော်လည်း တက်လာခဲ့သည်။ ရေချိုးပီး mom တို့နဲ့ ထမင်းအတူတူစားလိုက်သည်။ ပီးတော့ ဧည့်ခန်းတွင် ခဏထိုင်ပီး စာလုပ်မယ်ဆိုပီး အပေါ်ပြန်တက်လာခဲ့သည်။ အပေါ်တွင် စာထိုင်လုပ်နေလိုက်သည်။

sing//
ကျွန်တော် အခန်းထဲတွင် စာထိုင်လုပ်နေလိုက်သည်။ ခဏနေတော့ ကျွန်တော် စာလုပ်နေတဲ့အချိန်မှာ oaujun က ဝင်လာပီး

''p'... kit par နဲ့ တွေ့လိုက်လား''

''အင်း တွေ့တယ်လေ အိမ်ထိလိုက်ပို့ပေးတယ်''

''ဟုတ်လား အခြေအနေဘယ်လိုလဲ''

''ဘာကိုလဲ''

''အော် par က သဘောကောင်းလား ဆိုးလားမေးတာ''

''သဘောကောင်းပါတယ်''

''အင်း ဟုတ်မှာပါ ကြည့်ရတာ သဘောကောင်းမဲ့ပုံပဲ အော် ဒါနဲ့ kit က p'ကို ဘယ်လို မိတ်ဆက်ပေးလဲ''

''ဒီတိုင်းပဲ မိတ်ဆက်တာပေါ့''

''ဒီတိုင်းဆိုတော့ ချစ်သူလိုလား ''

''အာ စီနီယာလိုပေါ့ကွ ချစ်သူပါလို့ ပြောလိုက်ရင် ငါ့မျက်ခွက် လက်သီးရောက်သွားမှာပေါ့''

''အဲလို သိရင်ပီးတာပဲ ဆင်ကြဉ်ပေါ့''

''ဟာ ငါ့ကို မင်း nong များမှတ်နေလား''

ပြုံးရောင်ဟပ်မျက်ဝန်း (Unicode)Where stories live. Discover now