ပြုံး​ရောင်​ဟပ်​မျက်​ဝန်​း ၁၂

2 0 0
                                    

Smile reflection eye (p 12)
(ပြုံး​ရောင်​ဟပ်​မျက်​ဝန်​း)

sing//
စာသင်ချိန်ကုန်ဆုံးလို့ oaujun ကို ခေါ်ပီး အိမ်သို့ ပြန်ခဲ့ကြသည်။ မနက်ဖြန် ကျောင်းပိတ်ရက်ဆိုတော့ စိတ်ထဲတွင် ပေါ့ပီး အေးအေးဆေးဆေး အနားယူရတော့မည်။ အိမ်ရောက်တော့
mom က အနောက်ခန်းမှ ထွက်လာပီး

''အော် သားတို့ ပြန်လာပီလား''

''ဟုတ် mom''

''အေး အေး ရေချိုး mom ထမင်းပြင်ထားမယ်''

''ဟုတ်''

ကျွန်တော်တို့ အခန်းထဲဝင်ပီး ရေချိုးသန့်စင်လိုက်သည်။ ပီးတော့  စားသောက်ပီး အခန်းထဲပြန်ဝင်လိုက်သည်။ ကုတင်ပေါ်တွင် ထိုင်ကာ ကုတင်ဦးပိုင်းကို ကျောမီပီး ဂိမ်းဆော့နေလိုက်သည်။

kit//
ကျွန်တော် TV ကြည့်နေရင်း ညနေရောက်တော့ ကျောင်းပြန်ချိန်ရောက်နေ၍ အခန်​းထဲဝင်​လာပီး new ကို ဖုန်းခေါ်လိုက်သည်။ new က

''kit သက်သာသွားပီလား''

''အင်း ငါ့ကို ဆရာမ ဘာပြောသေးလဲ''

''မပြောပါဘူး ဆရာမတောင် အစည်းအဝေးရှိလို့ မအားဘူး''

''ဟုတ်လား တော်သေးတာပေါ့ တက်တာ မကြာသေးပဲ ကျောင်းပျက်လို့ ဆူနေလားလို့''

''မဆူပါဘူး အော် kit ''

''ဟင် ဘာလဲ''

''ငါတို့ အခန်းထဲကို fait တို့ ရပ်ကွက်ကဆိုတဲ့ p'sing လာတယ်''

''ဟင် ဘာလုပ်တာလဲ''

''ဆရာမ မအားလို့ ကျောင်းတက်စာရင်းလာကောက်ပေးတာတဲ့''

''အော် ဒါဆို ငါကျောင်းပျက်တာ သူသိတာပေါ့''

''အေးပေါ့''

''အင်း...''

တိုက်တိုက်ဆိုင်ဆိုင် ငါ အတန်းမတက်တော့မှ လာရတယ်လို့ ဒါဆို သူငါ့ကို ဘယ်လိုထင်သွားမလဲ မသိဘူးဆိုပီး ကျွန်တော် တွေးလိုက်မိသည်။ new က

''kit မင်းကို krist မှန်း မသိဘူးနဲ့ တူတယ်''

''ဘာလို့လဲ''

''နာမည်ခေါ်တော့ krist လို့ ခေါ်တော့ fait က မလာဘူးလို့ ပြောလိုက်တယ် နာမည်တွေခေါ်ပီးရော fait နားကိုလာပီးတော့ fait kit က ဒီအခန်းကလားတဲ့''

ပြုံးရောင်ဟပ်မျက်ဝန်း (Unicode)Where stories live. Discover now