ပြုံး​ရောင်​ဟပ်​မျက်​ဝန်​း ၈၁

1 0 0
                                    

Smile reflection eye (P 81)
(ပြုံး​ရောင်​ဟပ်​မျက်​ဝန်​း)

sing//
ကျွန်တော် သူ့ခါးလေးကို ဖက်ထားရင်း သူ့ဗိုက်ကို ကျွန်တော့်ပါးကပ်ထားလိုက်သည်။ သူက ကျွန်တော် လည်ပင်းလေးကိုပြန်ဖက်ထားသည်။ ကျွန်တော်လည်း ခဏလောက်နေလိုက်ပီး ဖက်​ထားတဲ့ သူ့ကိုယ်လေးကိုလွှတ်လိုက်သည်။ သူက ရပ်​​နေရင်​း ပြုံးပြီး ငုံကြည်​့​နေသည်​။ ပီးတော့ ကျွန်တော်ဘေးမှာ သူ့ကိုထိုင်စေပီး သူ့ကိုသေချာကြည့်​နေလိုက်​သည်​။ ကျွန်တော့် အချစ်စိတ်တွေက နှလုံးသားထဲမှာ ပိုပိုပီး နက်ရှိုင်းလာခဲ့သည်။

ကျွန်တော်လည်း သူ့နှုတ်ခမ်းလေးကို နမ်းလိုက်မိသည်။ ကျွန်တော်တို့နှစ်ယောက် နမ်းရှိုက်စုပ်ယူကာ အချစ်တွေကို ဖလှယ်နေသည်။ ကျွန်တော်လည်း သူ့လည်ပင်းလေးကို ကိုင်ပီး သူ့နှုတ်ခမ်းတွေ လွတ်ထွက်မသွားအောင် အတင်းကပ်ကာ နမ်းစုပ်နေလိုက်သည်။ သူကလည်း ပြန်လည်နမ်းရှိုက်နေသည်။ နှုတ်​ခမ်​း​လေး​တွေကိုယ်​စီ လှုပ်​ရှား​​​ပျော်​မြူ း​နေချိန်​မှာ လျှာတို့သည်​လည်​း ငြိမ်​သက်​ခြင်​းမရှိ တစ်​​ယောက်​ခံတွင်​းတစ်​​ယောက်​ ထိုးသွင်​း​ဆော့ကစား​နေကြသည်​။

ကျွန်တော်တို့အနမ်းတွေကို ရပ်တန့်ခြင်းမရှိသေးဘဲ မိနစ် ၂၀ ကြာ နမ်းရှိုက်နေရင်း နှုတ်ခမ်းတွေ ဆပ်ဖျင်းဖျင်းနဲ့ ထူပူလာသည်ထိ နမ်းရှိုက်နေလိုက်သည်။ ခဏနေတော့ သူက ကျွန်တော့်ပခုံးပေါ် တင်ထားတဲ့ လက်ကလေးက ဖြည်းဖြည်းလေး တွန်းလိုက်တော့ ကျွန်တော့်အနမ်းတွေကို ရပ်လိုက်ပီး သူ့ကို လှမ်းကြည့်လိုက်သည်​။ မျက်နှာလေးရဲပီး ပြုံးနေရင်း နှုတ်ခမ်းဖျားလေးကို
သူ့ပါးစပ်အတွင်းထဲ ငုံကာ ဖိပိတ်ထားသည်။

ဒါနဲ့ ကျွန်တော် သူ့မေးစေ့လေးကို ဖိဆွဲလိုက်တော့ သူ့နှုတ်ခမ်းလေးတွေ ပြန်လည် အန်ထွက်လာသည်​။ ကြည့်လိုက်တော့ နှုတ်ခမ်းဖျားတွေလည်း နီရဲနေသည်။ ဒါနဲ့ ကျွန်တော်က

''ဟာ မင်း နှုတ်ခမ်းတွေ တော်တော်နီသွားတာပဲ''

''ဟုတ်လား''

''အင်း နာနေလား''

''မနာပါဘူး''

''ကို်ယ် နမ်းတာ အရှိန်ပြင်းသွားတယ်ထင်တယ်''

ပြုံးရောင်ဟပ်မျက်ဝန်း (Unicode)Where stories live. Discover now