ပြုံး​ရောင်​ဟပ်​မျက်​ဝန်​း ၆၈

1 0 0
                                    

Smile reflection eye  68)
(ပြုံး​ရောင်​ဟပ်​မျက်​ဝန်​း)

sing//
ကျွန်တော် သူ့ကို ပို့ပီး အိမ်သို့ပြန်လာသည်။ အိမ်ရောက်တော့ ကျွန်တော် ရေချိုးသန့်စင်ပီး ထမင်းစားလိုက်သည်။ ပီးတော့ ကျွန်တော် အပေါ်တက်လာတာ oaujun က အခန်းထဲက အထွက်နှင့်တွေ့သည်။ ဒါကို သူက

''ဒီနေ့ စောတာလား kit ရော တွေ့လား''

''တွေ့တယ်လေ''

ကျွန်တော်က ပြောရင်း အခန်းထဲဝင်တော့ သူကပါ လိုက်ဝင်လာသည်။ ပီးတော့ သူက

''p' kit က သူ့အိမ်ကို လာဖို့ခေါ်တာ p' သွားမှာလား''

''အင်း''

''project တွေလုပ်နေရတာဆို''

''အေး''

''သွားလို့ရလို့လား''

''ရပါတယ် project က နောက်တစ်ပတ်မှ ပေးရမှာ တစ်ရက်လောက်ကတော့ အချိန်ရပါတယ်ကွာ''

''အင်းလေ ရတယ်ဆို ပီးတာပဲ''

သူက ထွက်သွားသည်။ ကျွန်တော်လည်း စားပွဲပေါ်ထိုင်ကာ စာလုပ်နေလိုက်သည်။ မနက်ဖြန်ပိတ်ရက်ဆိုတော့ အေးအေးဆေးဆေး လုပ်နေလိုက်သည်။ အတန်ကြာ စာလုပ်နေရင်း နာရီကို  ကြည့်လိုက်တော့ 12 နာရီ ထိုးတော့မည်။

ကျွန်တော် kit ကို သတိရသွားမိသည်။ ဒါနဲ့ ကျွန်တော် ဖုန်းကိုယူလိုက်သည်။ ဖုန်းခေါ်လျှင် သူအိပ်နေတာဆိုရင် နိုးသွားမှာ စိုး၍ ဖုန်းမခေါ်ပဲ message ပို့လိုက်သည်။

'အိပ်ပီလား ချစ် 💖'

ဆိုပီး အနောက်မှ အသည်းပုံလေးထည့်ပေးလိုက်သည်။ ပီးတော့
'sweet dream love ..  '

ဆိုပီး တစ်ကြောင်းထပ်ပို့ကာ ခဏ နေလိုက်သည်။ ပီးတော့ ဘာမှ မပို့တော့ အိပ်နေပီထင်ပီး ဖုန်းကို ခုံပေါ်ပြန်ချလိုက်တဲ့ အချိန်မှာ ဖုန်းမြည်လာသည်။ ဒါနဲ့ ကျွန်တော် ကြည့်လိုက်တော့ kit ဖြစ်နေသည်။

''kit မအိပ်သေးဘူးလား''

''အင်း ဂိမ်းဆော့နေတာ p' ရော ဘာလုပ်နေလဲ''

''ကိုယ် စာလုပ်နေတာ မင်းကို သတိရလို့''

''အခုကျတော့ မင်းတဲ့ ခုနက စာပို့ထားတာ အဲလိုမဟုတ်ပါဘူး''

ပြုံးရောင်ဟပ်မျက်ဝန်း (Unicode)Where stories live. Discover now