ပြုံးရောင်ဟပ်မျက်ဝန်း ၄

5 0 0
                                    

Smile reflection eye (p 4)
(ပြုံး​ရောင်​ဟပ်​မျက်​ဝန်​း)

''အိပ်ချင်ရင် ငါ အဆောင်မှာနေတဲ့ အချိန်အိပ်ပေါ့''

''p' ကလည်း p' နဲ့အိပ်မလို့ ''

''မင်းအခန်းက ငါ့အခန်းထက်တောင် ကောင်းတာကို''

သူက အလိုမကျတဲ့ အသံနဲ့
''p' က ပြောလိုက်ရင် အဲလိုပဲ p'jane ဆို ကျွန်တော်တစ်ယောက်တည်း ပျင်းလို့ သွားအိပ်ရင် ဘာမှမပြောဘူး အိပ်လေဆိုတာချည်းပဲ p' က အဲလိုမဟုတ်ဘူး''

''oaujun မင်းကလေးမဟုတ်တော့ဘူး ဂျီမကျနဲ့ကွာ ပီးရင် မင်းက ကောင်းကောင်းအိပ်လို့လား''

''ဘာလုပ်လို့လဲ အေးအေးဆေးဆး နေမှာပါ''

''မင်းအအိပ်ကြမ်းတာ မင်းမသိဘူးလား ငယ်ငယ်က ငါတို့ ညီအစ်ကို သုံးယောက်အတူတူအိပ်တုံးက မင်းပဲငါ့မျက်နှာကို လက်သီးနဲ့ ထိုးတာလေ''

''အာ အဲဒါ ကျွန်တော် အပျင်းဆန့်လိုက်တာပါဆို အိပ်နေရင်း အပျင်းဆန့်လိုက်တာp' က ကျွန်တော့်ဘက်လှည့်အိပ်တော့မျက်နှာကိုထိတာပေါ့ ''

''အေး တစ်ဖက်လှည့်အိပ်ရင်ခေါင်းပါပွင့်မယ်''

''တော်တော်စကားများတယ် တော်ပီ''

သူက ထပီးထွက်ဖို့လုပ်တော့ ကျွန်တော်က လှည့်ကြည့်လိုက်ပီး

''ဒါဘယ်လဲ''

''ကိုယ့် အခန်းကိုယ့်ပြန်အိပ်မလို့ ''

''မင်း အေးအေးဆေးဆေးနေမယ်ဆို''

''မနေတော့ဘူး ပုပ်လို့''

''မနေနဲ့ပေါ့ ပိုတောင်ကောင်းတယ်''

''ဟာ p'...''

သူက တံခါးဖွင့်ရင်း အော်လိုက်တော့ mom က အခန်းအရှေ့အရောက်မှာ

''ဟဲ့ ဘာဖြစ်နေတာလဲ''

''mom''

ဒါကို oaujun က mom ကို ခေါ်လိုက်သည်။ ကျွန်တော့် mom ကိုလည်း သူက mom လို့ ပဲ ခေါ်သည်။ သူက အခွင့်ကောင်းရသွားတဲ့ ပုံစံနဲ့ တံခါးကို အကုန်ဆွဲဖွင့်လိုက်ပီး

''mom p'sing က သား သူ့အခန်းမှာ အိပ်ချင်ပါတယ်ဆိုတာကို မအိပ်နဲ့တဲ့''

''အော် သားရယ် မင်းဒီမှာ အိပ်တုံး မင်း nong က အိပ်ချင်မှာပေါ့ မင်းက အဆောင်မှာပဲ နေတော့ သူလွမ်းမှာပေါ့''

ပြုံးရောင်ဟပ်မျက်ဝန်း (Unicode)Where stories live. Discover now