ပြုံး​ရောင်​ဟပ်​မျက်​ဝန်​း ၉၈

2 1 0
                                    

Smile reflection eye (P 98)
(ပြုံး​ရောင်​ဟပ်​မျက်​ဝန်​း)

kit//
ဒီလိုနဲ့ နောက်နေ့ ကျွန်တော်တို့တစ်နေကုန် ကျောင်းတက်ပီး အပြန်မှာ p'sing က အဆောင်သွားမယ်ဆို၍ ကျွန်တော်တို့
စားစရာတွေ  ဝယ်ပီး သူခေါ်ရာနောက်​လိုက်လာကာ အဆောင်ဘက်သို့ထွက်လာခဲ့သည်။

၁၅ မိနစ်လောက်လျှောက်ပီးတော့ ခြံဝင်းကြီးထဲမှာ တိုက်ကြီး နှစ်တိုက်ကိုတွေ့သည်။ ပီးတော့ အခန်းတွေကလည်း များပီး အထပ်တွေကလည်း များသည်။ အဆောင်နေကျောင်းသားတွေများသည်။ ကျွန်တော်လည်း သူ့နောက်လိုက်လာခဲ့သည်။ လှေကားနဲ့တပ်ပီး ပထမထပ်ရောက်တော့ ကျွန်တော်က

''p' ဒီမှာနေလည်း အဆင်ပြေတာပဲ ''

''အင်း ဟုတ်တယ် အရင်ကတော့ oaujun ကြောင့် လာမနေဖြစ်တာလေ အခုတော့ ချစ်ကြောင့် မနေဖြစ်တာ''

''ကျွန်တော့်ကြောင့်''

''အင်း''

''ဘာဆိုင်လို့လဲ''

''ကိုယ်အဆောင်မှာနေရင် ချစ်နဲ့အတူတူမပြန်ရမှာဆိုးလို့''

''အွန်း''

ကျွန်တော်တို့ စကားပြောပီး အခန်းတွေကျော်လာတာ  အခန်း ၅ ခန်းမြောက်ရောက်တော့ p'sing က

''ရောက်ပီ''

ဆိုပီး ကျွန်တော့်ကို မုန့်ထုတ်​လှမ်းပေးလို့ ယူလိုက်သည်။ ပီးတော့ သူက လွယ်အိတ်ထဲမှ သော့ကို ထုတ်ပီး တံခါးဖွင့် ဝင်လိုက်သည်။ ကျွန်တော်ပါ ဝင်လိုက်သည်။ အခန်းလေးက လူမနေတာကြာပေမဲ့ ဖုန်တွေရှိနေပေမဲ့ ပစ္စည်း အထားအသိုက သပ်ရပ်နေသည်။ ကျွန်တော်က ရပ်နေတော့ p'sing က စားပွဲပေါ် လွယ်အိတ်တင်ပီး

''ခဏလေး ကိုယ် ရှင်းလိုက်ဦးမယ် ခဏလေး''

''အင်း''

''ဝရံတာထွက်နေပါလား ဖုန်တွေနဲ့  ''

''ရပါတယ်''

ကျွန်တော် ရပ်နေလိုက်သည်။ သူက ဝရံတာတံခါးတွေ ဖွင့်လိုက်သည်။ ကြက်မွှေးယူပီး စားပွဲခုံတွေ ထိုင်ခုံတွေကို ခါလိုက်သည်။ ပီးတော့ အောက်ကြမ်းပြင်တွေကို တံမျက်စည်းဖြင့် လှည်​းနေသည်။ ဖုန်တွေက ထလာပီး ကျွန်တော်အသက်ရှူလိုက်တော့ နှာခေါင်းတွေ ယားလာပီး နှာချေးလိုက်သည်။

ပြုံးရောင်ဟပ်မျက်ဝန်း (Unicode)Where stories live. Discover now