ပြုံး​ရောင်​ဟပ်​မျက်​ဝန်​း ၁၀၀

1 1 0
                                    

Smile reflection eye (P 100)
(ပြုံး​ရောင်​ဟပ်​မျက်​ဝန်​း)

kit//
ကျွန်တော် အိမ်သို့ ပြန်ရောက်တော့ par မရှိပေ mom တစ်ယောက်တည်း par က သူငယ်ချင်းအိမ်သွားတယ်တဲ့ ကျွန်တော်လည်း ရေချိုး သန့်စင်လိုက်သည်။ ပီးတော့ အောက်သို့ ပြန်ဆင်းလာခဲ့သည်။ mom က TV ထိုင်ကြည့်နေတော့ ကျွန်တော်ပါ ထိုင်ကြည့်နေလိုက်သည်။ နောက်တစ်နာရီ ကြာတော့ par က ရောက်လာသည်။ ပီးတော့ ခုံမှာ ဝင်ထိုင်ရင်းနဲ့

''အမလေး sam တော့ သူ့သားနဲ့ စိတ်တွေညစ်နေတာ''

mom က
''ဘယ်လိုဖြစ်သွားပီလဲ''

''ဘယ်လိုဖြစ်ရမလဲ သူ့သားက သဘောမတူရင် ပြန်မလာဘူးတဲ့ အဲမှာပဲ နိုင်ငံသားခံယူမယ်ပြောတော့ သူ့ mom က ငိုကြီးချက်မဖြစ်နေတော့ ဖအေ လုပ်သူက သဘောတူလိုက်ရတယ်လေ ''

''ဟယ်​ အဲတော့ ''

''အဲတော့ ဟိုကိုလိုက်သွားပီး မင်္ဂလာဆောင်ပေးရမှာပေါ့''

''ဟုတ်လား p'sam က လိုက်မယ်တဲ့လား''

''လိုက်ရတော့မှာပေါ့ အဲဒါ ငါ့ကိုပါ ခေါ်လို့ လိုက်သွားရဦးမယ်''

''ဘယ်တော့လဲ ''

''နောက်တစ်ပတ် Tue day သွားမယ် sun day ဆောင်မယ်တဲ့''

''မြန်လှချည်းလား''

''မြန်ဆို ဟိုမှာ စီစဉ်ပီးသားလေ ဒီကို ခွင့်ပြုချက်တောင်းတာ ရရ မရရ လုပ်မယ်ဆိုတာလေ''

''အော်''

''မိဘတွေတော့ ရင်မောရတယ်''

''အေးပေါ့ ဟိုဘက် မိဘတွေကရော''

''ဟိုဘက်မိဘတွေက ဘာပြောမှာလဲ သူတို့ နိုင်ငံကိုက ခွင့်ပြုထားတာပဲ''

ကျွန်တော်လည်း နားထောင်နေလိုက်သည်။ mom က

''ထမင်းစားတော့မလား''

''ကိုယ် ရေချိုးဦးမယ်''

''အင်း''

''ကိုယ့်ကို သွားဖို့ စီစဉ်ပေးထားဦးနော်''

''ဘယ်နှရက်သွားမှာလဲ''

''တစ်ပတ် ဆယ်ရက်ပေါ့''

''သူတို့ ဘယ်အချိန်ပြန်မယ်မသိဘူး''

''အင်း သားလည်း ထမင်းစားမယ်လေ''

ပြုံးရောင်ဟပ်မျက်ဝန်း (Unicode)Tempat cerita menjadi hidup. Temukan sekarang