ျပုံး​ရောင်​ဟပ်​မျက်​ဝန်​း ၅၀

1 0 0
                                    

Smile reflection eye (p 50)
(ပြုံး​ရောင်​ဟပ်​မျက်​ဝန်​း)

kit//
ကျွန်တော်က စက်ဘီးလေးတွန်းကာ ခြံထဲဝင်လာသည်။ သူလည်း ကားမောင်းထွက်သွားသည်။ ကျွန်တော် စက်ဘီး ထောက်ချပီး အိမ်ထဲသို့ဝင်လာတော့ mom က

''သား မင်း ဘယ်တွေသွားနေတာလဲ''

''အော oaujun တို့ကို ပို့တာ အဲဒါ အိမ်ထဲခေါ်လို့ ခဏဝင်နေတာ''

''အော် ထမင်းသွားစား mom ပြင်ထားတယ်''

''ဟုတ်''

ကျွန်တော် ခြေလက်ဆေးပီး ထမင်းစားပွဲတွင်သွားထိုင်တော့ mom က လိုက်လာပီး အုပ်ထားတဲ့ စကာကို ဖယ်လိုက်ပီး ထမင်းပန်းကန်လှမ်းပေးသည်။ ပီးတော့ ဟင်းပန်းကန်တွေကိုတိုးပေးရင်း

''သား မင်း par က မနက်ဖြန် ပြန်လာမယ်တဲ့''

''ဟုတ်လား ဘယ်တုံးက ပြောတာလဲ ''

''ခုနကမှ ဖုန်းချသွားတာ မင်းမှမရောက်သေးပဲ''

''ဘယ်အချိန်ရောက်မှာလဲ''

''ည ၈ နာရီ fly နဲ့ အဲဒါ mom တို့ လေဆိပ်သွားကြိုရမယ် မင်း လျှောက်မသွားနဲ့နော်''

''မသွားပါဘူး par လာမယ်ဆိုတော့ ကြိုရမှာပေါ့ အဲအချိန်ဆိုတော့ သား ကျောင်းပျက်စရာမလိုတော့ဘူးပေါ့''

''အေး အေး စား စား''

''ဟုတ်''

ကျွန်တော် စားလိုက်သည်။ mom က အရှေ့ထွက်သွားပီး TV ထိုင်ကြည့်နေသည်။ ကျွန်တော်လည်း စားပီး ပန်းကန်တွေ ဆေးကျော သိမ်းဆည်းပီး အရှေ့ထွက်လာခဲ့သည်။ mom က

''သား စားပီးပီလား''

mom ကပြောပီးထလိုက်တော့ ကျွန်တော်က

''စားပီးပီ သားသိမ်းလိုက်ပီ mom''

''အော် အေး အေး''

''သား အပေါ်တက်တော့မယ်နော် mom ''

''အေး အေး''

ကျွန်တော်က mom နားကို လျှောက်သွားလိုက်ပီး mom ပါးကိုနမ်းကာ

''good night နော် mom''

mom က ပခုံးလေးပုတ်ပီး

''အေး good night သား''

ကျွန်တော် အပေါ်တက်လာခဲ့သည်။ par ပြန်လာမယ်ဆိုလို့ ပျော်နေမိသည်။ ဒီနေ့မှ အပျော်တွေစုနေသည်။ p'sing ရဲ့ အချစ်ကိုလည်း ရလိုက်သည်။ par က ပြန်လာမဲ့ သတင်းကိုလည်း ကြားရသည်။ ကျွန်တော်လည်း အခန်းထဲရောက်တော့ ကုတင်ပေါ်တွင် လှဲအိပ်လိုက်သည်။

ပြုံးရောင်ဟပ်မျက်ဝန်း (Unicode)Where stories live. Discover now