ပြုံး​ရောင်​ဟပ်​မျက်​ဝန်​း ၉

2 0 0
                                    

Smil reflection eye (p 9)
(ပြုံး​ရောင်​ဟပ်​မျက်​ဝန်​း)

sing//
ကျွန်တော်တို့ စားသောက်ပီးတော့ အတန်းထဲသို့ ပြန်လာခဲ့သည်။ အတန်ကြာတော့ ဆရာရောက်လာ၍  စာသင်လိုက်သည်။ တဖြည်းဖြည်းနဲ့ စာသင်ချိန်တွေပီးကာ ညနေရောက်လာတော့ ထုံးစံအတိုင်း oaujun ကို သွားခေါ်ရပြန်သည်။

ကျွန်တော် အဆောင်ရှေ့တွင် စောင့်နေတော့ ကျောင်းသား ကျောင်းသူတွေ ထွက်လာသည်။ oaujun က ထွက်မလာသေးပေ။ ခဏနေတော့ ကျွန်တော် စောင့်နေတုံး fait က သူငယ်ချင်းတွေနဲ့ ထွက်လာတာတွေ့သည်။

kit//
ကျွန်တော်တို့ အတန်းပီးလို့ ပြန်ချိန်ရောက်တော့ အတန်းထဲက ထွက်လာသည်​။ အရင်နေ့တွေကလို မ​လောတော့ပေ။ တွေ့ချင်နေလည်​း လွဲနေတာဆိုတော့ အေးအေးဆေးဆေးသာ ထွက်လာခဲ့သည်။ အဆောင်အပြင်ရောက်တော့ ထင်မှတ်မထားဘဲ သူရပ်နေတာကို တွေ့လိုက်ရသည်။ ကျွန်တော်တို့ လျှောက်လာတော့ fait က သူ့ အနားကိုသွားပီး

''p' oaujun ကို စောင့်နေတာလား''

''အေး မလာသေးဘူး ဘာလုပ်နေလဲမသိဘူး''

သူက အဲလိုပြောမှ သတိထားမိသည်။ မနက်က ရောက်ပီလားကြည့်လိုက်ပေမဲ့ အခုတော့ ပြန်ပီလားဆိုတာကို မကြည့်ခဲ့မိပေ။ သူကတော့ fait ကိုသာ ကြည့်ပီး

''မင်းပြန်မယ်ဆို ကိုယ်တို့နဲ့ လိုက်ခဲ့လေ''

''ရပါတယ် p' သူငယ်ချင်းတွေနဲ့ ပြန်မှာမို့ သွားတော့မယ်''

''အော် အေးအေး''

ကျွန်တော်ကသာ သူ့ကို ကြည့်နေပေမဲ့ သူက fait ကိုသာ ပြောနေသည်။ သူက စကားပြောရင်း oaujun က သူ့သူငယ်ချင်းနဲ့ စကားပြောပီး ထွက်လာတော့ သူက fait ကို လှမ်းကြည့်ပီး

''ဟိုမှာ လာနေပီ မလိုက်ဘူးဆိုရင် p' တို့ သွားတော့မယ်နော်''

''ဟုတ်ကဲ့ p'sing''

သူက ပြောပီး oaujun ဆီ ထွက်သွားသည်။ ကျွန်တော်တို့လည်း သူ့ကိုလိုက်ကြည့်ပီး ထွက်လာခဲ့သည်။ ကျွန်တော့် စိတ်ထဲတွင် တစ်မျိုးဖြစ်သွားသည်။ ကျွန်တော်သာ သူ့ကို လိုက်ကြည်​့်နေခဲ့ရပေမဲ့ သူကတော့ ဂရုတောင်မစိုက်ပေ။ ဖော်ရွေတယ်လည်း ပြောသေးတယ် သူ့ကို ကြည့်နေတဲ့သူတွေကိုတောင် တစ်ချက်ပြုံးပြခြင်းမရှိပေ။ ကျွန်တော်တို့လည်း ထွက်လာခဲ့သည်။ သူတို့က အနောက်က​နေကျော်သွားပီး နှစ်ယောက်သား စကားပြောကာ ထွက်သွားကြသည်။

ပြုံးရောင်ဟပ်မျက်ဝန်း (Unicode)Where stories live. Discover now