ပြုံး​ရောင်​ဟပ်​မျက်​ဝန်​း ၆

4 0 0
                                    

Smile reflection eye (p 6)
(ပြုံး​ရောင်​ဟပ်​မျက်​ဝန်​း)

''ဗိယာနယ်ယို''

''...''

Sing//
သူက ကိုရီးယားလို တောင်းပန်တော့ ကျွန်တော်က ဘာမှ မပြောပဲ ဆက်လျှောက်ဖို့ အလုပ်မှာ သူ့သူငယ်ချင်းတစ်ယောက်က

''ဟာ kit မင်း ကိုရီးယား ရူးတာ ရပ်ပါတော့ p'sing တောင်းပန်ပါတယ်''

ကျွန်တော့် နာမည် ခေါ်သံကြားလို့ လှည့်ကြည့်လိုက်တော့ ကျွန်တော်တို့ ရပ်ကွက်ထဲက ကောင်လေးဖြစ်နေသည်။ အဲကောင်လေးက ဆက်ပီး

''p'sing တောင်းပန်ပါတယ်နော် kit တောင်းပန်လိုက်လေ''

''p' တောင်းပန်ပါတယ်''
သူက ကြောင်အန်းအန်းဖြစ်​သွားပြီး လက်အုပ်ချီကာ ​တောင်​းပန်​​နေသည်​။

kit//
ကျွန်တော် ကနေရင်း လူလာတာကို သတိမထားမိပဲ ကျွန်တော်က လှည့်ကလိုက်တော့ သူနဲ့ မျက်နှာချင်းဆိုင်တိုက်မိသွားသည်။ ဖြစ်ချင်တော့ တိုက်မိတဲ့သူက fait ရဲ့ အသိဖြစ်နေသည်။ p'sing တဲ့ p'sing ဆိုတော့ ဟိုနေ့က fait ပြောတဲ့ ကောင်လေးရဲ့ p' ဖြစ်မယ်ထင်သည်။ fait က တောင်းပန်ခိုင်းတော့ ကျွန်တော်လည်း ကြောင်အန်းအန်းနဲ့ လက်အုပ်ချီကာ တောင်းပန်လိုက်သည်။ ဒါကို p'sing ဆိုသူက နှုတ်ခမ်းလေးစေ့ရုံပြုံးပြပီး

''ရပါတယ် ဒါနဲ့ fait က ဒီကျောင်းတက်တာလား''

''ဟုတ်တယ် p'...''

''oaujun လည်း ဒီကျောင်းတက်တာပဲ ဟိုဘက်ခန်းမှာ''

''ဟုတ် တွေ့တယ် p' ... မနေ့က ကြိုဆိုပွဲမှာ သူ့ကို တွေ့လိုက်တယ်''

''အော်''

''ဒါနဲ့ မနေ့က p' ကို မတွေ့ဘူးနော်''

''အင်း p' မအားလို့ မလာဖြစ်တာ တောင်းပန်ပါတယ် မင်းတို့ကို မကြိုဆိုချင်လို့ မဟုတ်ဘူးနော်''

''အာ ရပါတယ် p' က မအားတာကို''

သူတို့နှစ်ယောက်က စကားကောင်းနေသည်။ ကျွန်တော်တို့ သူငယ်ချင်းတွေက သူတို့နှစ်ယောက်ကို ကြည့်နေလိုက်သည်။ p'sing စကားပြောပုံလေးက မျက်နှာလေး ပြုံးလိုက် မဲ့လိုက်နဲ့ ကျွန်တော် သေချာကြည့်နေမိသည်။ မနေ့က ကျောပြင်သာ မြင်ရပေမဲ့ ဒီနေ့ မျက်နှာကို သေချာမြင်နေရသည်။ ကျွန်တော် ကြည့်နေတာကို စကားပြောရင်းဖြင့် တစ်ချက် ကျွန်တော့်ကို လှမ်းကြည့်သည်။ ကျွန်တော်တို့လည်း ပြန်ကြည့်နေလိုက်သည်။ ခဏနေတော့ p'sing က

ပြုံးရောင်ဟပ်မျက်ဝန်း (Unicode)Where stories live. Discover now