ပြုံး​ရောင်​ဟပ်​မျက်​ဝန်​း ၉၃

0 0 0
                                    

Smile reflection eye (P 93)
(ပြုံး​ရောင်​ဟပ်​မျက်​ဝန်​း)

kit//
သူက နောက်နေတာကို p'off ခေါ်လို့ ထွက်သွားတော့ ကျွန်တော်လည်း အစားဆက်စားနေလိုက်သည်။ ဒါကို fait တို့က ပြုံးပီး ကြည့်နေသည်။ သူတို့ နှစ်ခုံကျော်မှာထိုင်လိုက်တာကို fait က လှမ်းကြည့်ပီး ကျွန်တော့်ကို ပြန်ကြည့်ကာ

''kit မင်းတို့ ရန်ဖြစ်ထားတာလား''

''ရန်ဖြစ်တာတော့ မဟုတ်ပါဘူး စိတ်ဆိုးရုံပါ''

''မင်းကလည်း ဘာလဲ ရန်ဖြစ်မှ စိတ်ဆိုးရတာမဟုတ်ဘူးလား''

''မဖြစ်ဘူး''

''ရန်မဖြစ်ပဲ စိတ်ဆိုးတာ မင်းတစ်ယောက်ပဲရှိတယ် ဘာလဲ p'sing က ဘာလုပ်လို့လဲ''

''ဘာမှမလုပ်ပါဘူး ငါ့ဘာသာ စိတ်ဆိုးတာ''

''ဟာ မင်းကလည်း ဒါဆို p'sing ချော့တာခံချင်လို့မလား အန်း''

''မင်းတို့ ထင်ချင်သလိုထင်ပေါ့ကွာ''

ကျွန်တော်လည်း ပြောပီး ထမင်းစားပီးတာနဲ့ ထထွက်လာခဲ့သည်။ သူတို့လည်း အနောက်ကလိုက်လာကြသည်။ ကျွန်တော် အိမ်မှာ ခေါ်ထားမှာကို မလာလို့ စိတ်ဆိုးတာပါလို့ သူတို့ကို ပြောရင် စနောက်ပီး လိုက်ဖွနေမှာ စိုး၍ မပြောလိုက်ပါ။

ကျွန်တော်တို့ ထွက်လာခဲ့တော့ p'sing တို့ကတော့ စားရင်း ကျန်ခဲ့သည်။ ကျွန်တော်က အရှေ့က လျှောက်တော့ oaujun က

''kit မနက်က p'sing က ပျော်တယ်ဆိုပီး မင်းက ဘာလို့ စိတ်ဆိုးတာလဲ''

''ဘာမှမဟုတ်ပါဘူးဆို မင်းတို့ကလည်း''

''ဒါဆိုလည်း ပီးတာပဲကွာ''

ကျွန်တော်တို့ အတန်းထဲ ဝင်လာခဲ့သည်။ ခဏနေတော့ ဆရာမရောက်၍ စာသင်လိုက်သည်။ ညနေပိုင်း စာသင်ချိန်ပီးတော့ ကျွန်တော်တို့ ကျောင်းဆင်းချိန် ရောက်လာခဲ့သည်။

ကျွန်တော်တို့ ကျောင်းဆောင်အပြင်ထွက်လာတော့ p'sing က အပြင်မှာ သူရပ်နေကျနေရာမှာ ရပ်နေသည်။ ကျွန်တော်တို့ထွက်လာတော့ သူက တွေ့သွားပီး ကျွန်တော့်ဆီဦးတည်ပီး လျှောက်လာသည်။ အနားရောက်တော့ သူက

''kit ကိုယ် ပြောစရာရှိလို့''

''ကျွန်တော် oaujun တို့နဲ့ ပြန်မှာ''

ပြုံးရောင်ဟပ်မျက်ဝန်း (Unicode)Where stories live. Discover now