ပြုံး​ရောင်​ဟပ်​မျက်​ဝန်​း ၄၃

1 0 0
                                    

Smile reflection eye (p 43)
(ပြုံး​ရောင်​ဟပ်​မျက်​ဝန်​း)

''ကိုယ် မေးနေတယ်လေ''

''ဟို ဟို p'sing ကို သူ မကျွေးပဲ တစ်ယောက်တည်း စားလိုက်မှာ စိုးလို့ အဲဒါ''

''အော်''

''ဒါပဲနော် p' ဖုန်းချလိုက်ပီ''

kit//
ကျွန်တော် ဖုန်းအမြန်ချလိုက်သည်။ ရင်တွေကခုန်နေသည်။ 'ဘယ်လိုပြောရမှန်းမသိဖြစ်နေတာ တော်သေးတယ် p'sing ရယ် ဘာလို့ သေသေချာချာ မေးနေရတာလဲဗျာ ကျွန်တော် လန့်သွားတာပဲ အမှန်တော့ ကျွန်တော် p'sing ကို ကျွေးချင်ခဲ့တာပါ p' ကို ဦးတည်ပီး ကျွေးရင် သူများတွေပြောမှာစိုးလို့ သူငယ်ချင်းတွေပါ ကျွေးလိုက်တာ ပီးတော့ p'ဆီရောက်အောင် oaujun ကိုပါ ပေးပီး p'စားဖို့ပေးလိုက်တာပါ။ ကျွန်တော် တိတ်တခိုးချစ်နေရတာကို p'မှ မသိတာ ကျွန်တော် p' ကို စွဲလမ်းနေတာကြာပါပီ'

ကျွန်တော်လည်း ရင်​ခုန်​စွာ တွေးရင်း အိပ်လိုက်သည်။

sing//
'kit ရယ် မင်း ဒီလို အပြုမူတွေနဲ့ ကိုယ့်ကို မဖြားယောင်းပါနဲ့လား ကိုယ် မင်းကို ခံစားချက်ရှိနေတယ်ဆိုတာ သိရင် မင်း ဒီလိုဆက်ပီး ခင်မင်ဦးမှာလားဆိုတာ သိချင်လိုက်တာ ကိုယ် မင်းကို စတွေ့တည်းက နှလုံးသားထဲမှာ မင်းရောက်နေတာ မင်းမသိပါဘူး' ကျွန်တော် တွေးနေလိုက်သည်။ ပီးတော့ ကျွန်တော် စဉ်းစားလိုက်သည်။ သူ့ကို မနက်ဖြန် ပြန်ပေးဖြစ်အောင် ပေးရမည် ကိုယ်လည်း ကျွေးချင်နေခဲ့တာပါ ဘယ်လိုပေးရမလဲ မသိလို့ အခုတော့ မင်းပေးလို့ ပြန်ကျွေးတာဆိုပီး ပြောလို့ရပီ' ကျွန်တော်လည်း စာအုပ်တွေ သိမ်းပီး ချောကလပ်ထုတ်လေးတွေကို ဘူးတစ်ခုထဲ ထည့်ထားလိုက်သည်။ ပီးတော့ ကျွန်တော် အိပ်လိုက်သည်။

မနက်ရောက်တော့ ကျွန်တော် ဆရာ့ စာစီထားတာတွေ ပေးရမှာမို့ ကျောင်းသွားဖို့ ထွက်လာခဲ့သည်။ ကျောင်းနားက ကုန်တိုက်တစ်ခုသို့ ဝင်ကာ ချောကလပ် ကပ်ကြီး ၃ ကပ် ဝယ်ပီး ထွက်လာခဲ့သည်။ ကျွန်တော် အတန်းထဲသို့ မသွားပဲ ဆရာ့အခန်း ဘက်ကို ထွက်လာခဲ့သည်။

kit//
မနက်ရောက်တော့ ကျွန်တော်တို့ ကျောင်းထွက်လာတော့ အတန်းထဲတွင် ကျောင်းသားတွေ မရောက်သေးတာနဲ့ ကျွန်တော်တို့ ဝရံတာကိုထွက်ပီး ထိုင်နေလိုက်သည်။ oaujun က ကျွန်တော်တို့ ထိုင်နေတာတွေ့တော့ သူပါလာထိုင်သည်။ fait က

ပြုံးရောင်ဟပ်မျက်ဝန်း (Unicode)Where stories live. Discover now