ပြုံး​ရောင်​ဟပ်​မျက်​ဝန်​း ၇၇

1 0 0
                                    

Smile reflection eye (P 77)
(ပြုံး​ရောင်​ဟပ်​မျက်​ဝန်​း)

ကျွန်​​တော်​တို့ အိမ်ရောက်တော့ mom တစ်ယောက်တည်းသာ ရှိသည် par က သူငယ်ချင်းအိမ်သွား၍ ပြန်မလာသေးပေ ကျွန်တော်တို့လည်း ဂိမ်းဆော့နေလိုက်သည်။ mom လာချပေးသော အအေးနဲ့ မုန့်တွေကို စားရင်း ဆော့နေလိုက်သည်။

တဖြည်းဖြည်း မှောင်လာပီး ည ၇ နာရီလောက်ရောက်တော့ oaujun တို့က နှုတ်ဆက်ပီး ပြန်သွားကြသည်။ par က အဲအချိန်ထိပြန်မလာသေး၍ ကျွန်တော်လည်း အပေါ်တက် ရေချိုးပီး ထမင်းစားရန် ပြန်ဆင်းလာခဲ့သည်။ အောက်ရောက်တော့ par က ဧည့်ခန်းတွင် ထိုင်နေသည်။ ဒါနဲ့ ကျွန်တော်က

''par ရောက်ပီလား''

''အေးကွာ ဟိုကောင်ကြီး ပြဿသ.နာရှင်းပေးနေရလို့''

''ဘာဖြစ်လို့လဲ par''

''ပီးမှ ပြောတော့မယ်ကွာ par ရေချိုးလိုက်ဦးမယ်''

''ဟုတ်''

par က ရေချိုးခန်းထဲဝင်တော့ ကျွန်တော် လိုက်ကြည့်နေလိုက်သည်။ mom က အနောက်ခန်းထဲက ထွက်လာတော့

''mom par သူငယ်ချင်းက ဘာပြဿ..... နာဖြစ်လို့လဲ''

''မသိဘူးလေ mom လည်း ထမင်းစားဖို့ပြင်နေတာ အခုမှ ထွက်လာတာ''

''အော်''

''par ထွက်လာရင် စားမယ်နော် သား''

''ဟုတ်''

ကျွန်တော် TV ဖွင့်ကြည့်နေလိုက်သည်။ ခဏနေတော့ par ထွက်လာ၍ ထမင်းစားခန်းထဲဝင်ကာ ထမင်းထိုင်စားလိုက်သည်။ စားနေရင်းနဲ့ mom က

''p' ရှင့်သူငယ်ချင်းက ဘာဖြစ်လို့လဲ''

အဲတော့ par က ဝါးနေတဲ့ ထမင်းကို မြိုချလိုက်ပီး

''သူ သားကို အမေရီကားမှာ ကျောင်းတက်ခိုင်းတယ်ဆိုတာလေ''

''အင်း​လေ အဲဒါဘာဖြစ်လို့လဲ''

mom က စားနေရင်းနဲ့ အသံလုံးလုံးနဲ့ မေးလိုက်သည်။ ကျွန်တော်ကလည်း စားနေရင်း နားထောင်နေလိုက်သည်။ ဒါကို par က

''ဟိုနိုင်ငံမှာ ချစ်သူထားလို့တဲ့''

''အော် ချစ်သူထားတာပဲ အရွယ်ရောက်တဲ့ ကလေးပဲ ထားမှာပေါ့''

ပြုံးရောင်ဟပ်မျက်ဝန်း (Unicode)Where stories live. Discover now