ပြုံး​ရောင်​ဟပ်​မျက်​ဝန်​း ၃၂

3 1 0
                                    

Smile reflection eye (p 32)
(ပြုံး​ရောင်​ဟပ်​မျက်​ဝန်​း)

sing//
ကျွန်တော် ထကြည့်လိုက် ထိုင်လိုက်နှင့် အလုပ်ရှုပ်နေချိန်မှာ တစ်နာရီကျော်လောက် ကျွန်တော် မျှော်နေခဲ့သည်။ ဒါနဲ့ ကျွန်တော် မထိုင်တော့ပဲ အပေါ်ထပ်ဝရံတာတွင် ရပ်နေလိုက်သည်။

ခဏနေတော့ လမ်းထဲကို kit စက်ဘီးလေးဝင်လာတာတွေ့လို့ သူတွေ့သွားမှာ စိုး၍ ကျွန်တော် အထဲဝင်ကာ တံခါးနောက်မှ လှမ်းကြည့်လိုက်တော့ oaujun က kit ပါးလေးကို ဆွဲလိုက်တာ တွေ့လိုက်ရသည်။ သူကတော့ မျက်မှောင်လေးကျုံ့သွားပီး စကားပြောနေသည်။

ဒီမြင်ကွင်းကို မြင်လိုက်ရလို့ ကျွန်တော့်ရင်တွေ တုန်လှုပ်သွားမိသည်။ သူတို့နှစ်ယောက် တကယ်ပဲ ထူးဆန်းနေပီလားဆိုတာကို ရင်ထိတ်စွာ ကြည့်နေမိသည် ။

ဘာဆက်လုပ်ရမလဲ မဝေခွဲတတ်ပေ။ သူတို့နှစ်ယောက်တကယ်ဆိုတာ သေချာနေပါပီပေါ့ ဒါကြောင့် သူနေ့တိုင်း လာပို့တာကိုး ကျွန်တော် ရင်ထဲမှာ ဆို့နစ်နေခဲ့သည်။ မျက်ဝန်းမှာလည်း မျက်ရည်စတွေ စိုစွတ်နေသည်။

ကိုယ့်ရင်တွေ ကွဲပါပီ kit ရယ် မင်းအပေါ်မှာရှိနေတဲ့ ကိုယ့်ရဲ့ ခံစားချက်တွေကို ဘယ်လိုဆက်လုပ်ရမလဲ။ ကျွန်တော် ကြေကွဲစွာ ကြည့်နေရင်း မျက်ဝန်းအိမ်ထဲ မျက်ရည်တွေ ပြည့်လာသည်။

သူထွက်သွားတော့ oaujun အိမ်ထဲ ဝင်လာသည်။ ကျွန်တော်လည်း အခန်းထဲ ပြန်ဝင်လာခဲ့သည်။ ကျွန်တော် ခုံမှာ ထိုင်ရင်း တွေဝေနေသည်။
ဒီလိုမှန်းသိရင် ညနေက မင်းကို ကိုယ် မနောက်လိုက်ပါဘူး တော်ကြာ nong ရဲဲ့လူကို p' က စနိုက်ကျော်တယ် ထင်ခံရဦးမယ် တော်ပါပီ ကိုယ့်ရဲ့ ခံစားချက်တွေကို မျိုသိပ်ကာ ထားလိုက်တော့မယ်​ kit ရယ် ကိုယ်လည်း တစ်ဖက်သတ်အချစ်နဲ့သာ ကျေနပ်ရတော့မယ် အဖြစ်ပါလား နော်။

ကျွန်တော် မျက်ရည်တွေ ထိန်းမရတော့ပေ။ ကျွန်တော် စားပွဲတွင် မှောက်ကာနေလိုက်သည်။ အတန်ကြာတော့ ကျွန်တော်ထပီး ကုတင်ပေါ်တွင် လှဲကာ နေလိုက်သည်။ ဝမ်းနည်းမှုတွေကြောင့် အိပ်မရခဲ့ပေ။ အတန်ကြာ ညဥ့်နက်မှ အိပ်ပျော်သွားခဲ့သည်။

ပြုံးရောင်ဟပ်မျက်ဝန်း (Unicode)Where stories live. Discover now