ပြုံး​ရောင်​ဟပ်​မျက်​ဝန်​း ၈၆

3 1 0
                                    

Smile reflection eye (p 86)
(ပြုံး​ရောင်​ဟပ်​မျက်​ဝန်​း)

''အမလေး ကြောက်တတ်လိုက်တာ''

''ဟင်း ဟင်း''

sing//
သူက ရှေ့ကဝင်သွားတော့ ကျွန်တော်လည်း နောက်ကလိုက်ဝင်လိုက်သည်။ ပီးတော့ သူက

''p' အိပ်ချင်ရင် ဟိုဘက်ခန်းမှာလည်း အိပ်လို့ရတယ်နော်''

''ကိုယ်ကမင်းနဲ့ပဲ အိပ်မှာ ရတယ်မလား''

''ရပါတယ်''

သူက ကုတင်ပေါ်တက်ပီး ဖုန်းကို ယူ၍ ဂိမ်းဆော့ဖို့လုပ်တော့ ကျွန်တော်က ကုတင်ဘေးနားရပ်လိုက်ပီး

''အိပ်မယ်လေ''

''ဟင် ၉ နာရီပဲရှိသေးတာကို ဂိမ်းဆော့လိုက်ဦးမယ်''

သူက ပြောပီး ဂိမ်းဆော့နေသည်။ ဒါနဲ့ ကျွန်တော်က သူ့ဘေးဝင်ထိုင်လိုက်ပီး

''ဘာလဲ ကိုယ်နဲ့ အိပ်ရမှာစိုးလို့ စိတ်လှုပ်ရှားနေတာမလား''

''ဘယ်သူပြောလဲ''

''ဒီမှာပြောတာ''

ကျွန်တော်က သူ့မျက်နှာကို လက်​ညှိုးနဲ့ ဝိုက်ပြလိုက်တော့ သူက ကျွန်တော့်လက်ကို ဖမ်းကိုင်​လိုက်​ပီး

''ဘာပြောလို့လဲ''

''နီနေတာလေ စိတ်လှုပ်ရှားပီး ရှက်နေတာမလား''

''အင်း... ဟင်း ဟင်း''

kit//
သူက အတိအကျပြောတော့ ငြင်းမနေတော့ပဲ ခေါင်းညိတ်ပြပီး ရယ်လိုက်သည်။ တစ်နေကုန်အတူတူနေလာပီးတော့ ကုတင်တစ်ခုတည်းမှာ အတူတူအိပ်မှာဆိုတော့ စိတ်လှုပ်ရှားနေမိသည်။ ရင်တွေခုန်ပီးရှက်နေတော့ မျက်နှာက နီလာတာကို ပြောခြင်းဖြစ်သည်။ ကျွန်တော် ဂိမ်းဆက်ဆော့နေတာကို ကျွန်တော့်ဖုန်းကို ယူလိုက်တော့ ကျွန်တော်က

''ဘာလုပ်ဖို့လဲ''

''အိပ်မယ် လာ''

သူက ပြောပီး ဖုန်းကို ကုတင်ဘေးက ခုံပေါ်တင်လိုက်သည်။ ပီးတော့ လှဲလိုက်သည်။ ကျွန်တော်လည်း သူ့ကို မျက်စောင်းထိုးကာ ပြုံးလိုက်ပီး သူရင်ခွင်ထဲတိုးကာ ဝင်လှဲလိုက်သည်။ ပီးတော့ သူနဲ့ ကျွန်တော် မျက်နှာချင်းဆိုင် ဖက်ကာ ​ဘေး​စောင်​းလှဲနေကြသည်။ သူက

ပြုံးရောင်ဟပ်မျက်ဝန်း (Unicode)Where stories live. Discover now