ပြုံး​ရောင်​ဟပ်​မျက်​ဝန်​း ၇၃

1 2 0
                                    


Smile reflection eye (P73)
(ပြုံး​ရောင်​ဟပ်​မျက်​ဝန်​း)

sing//
ကျွန်တော် သတိမထားမိပဲခေါ်လိုက်မိတာကို jan ရဲ့ အမေးကြောင့်ကြောင်သွားသည်။ ပီးတော့ ကျွန်တော်က

''ဘာလို့လဲ''

''ခုနက သူ့ကို p'sing ခေါ်လိုက်သံကြားလိုက်လို့ ဘာခေါ်တာလဲလို့''

kit က ရယ်သံနဲ့
''ကြားတယ်ဆိုဘယ်လိုခေါ်လဲ ပြောလေ''

''ချစ်လို့ ခေါ်တာမလား''

"ကြားတာကို ဘာလို့ ထပ်​​မေး​နေတာလဲ''

"Wow"

အကုန်​လုံးက ဝိုင်​း​အော်​ကြသည်​။ jan က မျက်​​စောင်​းထိုးပြီး

"အမယ် ဘာဖြစ်​လဲ​မေးတာ''

''ဟင်း ဟင်း''

kit က ကျွန်တော့်ကို မှီထားရင်း လှည့်ကြည့်တော့ ကျွန်တော်​တို့နှစ်ယောက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပီး ရယ်လိုက်သည်။ ဒါနဲ့ mari က

''ဟုတ်လား ချစ်လို့ ခေါ်တာလား''

ကျွန်တော်က
''အင်း''

''ဟုတ်လား တကယ် wow  ဒါဆို kit က ဘယ်လိုခေါ်လဲ''

mari က မေးတော့ kit က ကျွန်တော့် ပါးကို နောက်ပြန်​လှမ်းကိုင်လိုက်ပီး

''ငါက ချစ်လွန်းလို့ darling လို့ခေါ်တာ''

''ဟာ ''

''မိုက်တယ်ကွာ''

mari က jan ကို လှည့်ကြည့်ပီး jan လက်ကို ကိုင်လိုက်ပီး

''ချစ်''တ့ဲ

့jan က
''darling''

''ချစ်''

''darling''

ဆိုပီး အပြန်အလှန်ခေါ်နေကြသည်။ ဒါကို fait က

''ဟာ တော်ပါတော့ နင်တို့ကတစ်မျိုး ကဲ မင်းတို့လည်း တော်တော့ ချစ်ချင်ရင် အခန်းထဲသွားကြ''

kit က
''တကယ်နော် လာ p' သွားမယ် ''

''ဝိတ်''

''ဟင်း ဟင်း''

kit က ပြောပီး သူ့ကိုဖက်ထားတဲ့ လက်ကို ကိုင်ပီး ထကာ ဆွဲခေါ်တော့ ကျွန်တော်က ပြန်ဆွဲထားလိုက်သည်။ သူက သဘောကျစွာ ရယ်နေသည်။ mari က မျက်စောင်းထိုးပြသည်။ ဒီလိုနဲ့ သူတို့ ဝိုင်းစနေကြသည်။ ကျွန်တော်တို့ စကားပြောနေရင်း အချိန်ကြာတော့ မုန့်တွေလည်း အနည်းငယ်ကျန်တော့သည်။ ဒါနဲ့ jan က

ပြုံးရောင်ဟပ်မျက်ဝန်း (Unicode)Opowieści tętniące życiem. Odkryj je teraz