ပြုံး​ရောင်​ဟပ်​မျက်​ဝန်​း ၃၈

2 0 0
                                    

Smile reflection eye (p 38)
(ပြုံး​ရောင်​ဟပ်​မျက်​ဝန်​း)

sing//
သူရဲ့ သီချင်းတွေက တစ်ယောက်ယောက်ကို ရည်ညွှန်းနေသလို ခံစားရတယ် ဘယ်သူဖြစ်နေမလဲနော်။ ဒါပေမဲ့ မင်းရဲ့ အသံ မင်းရဲ့အပြုံး မင်းရဲ့ သံစဉ်တွေက ကိုယ်ရဲ့နှလုံးသားမှာ ထာဝရသိုလှောင်ထားမှာပါ။ ကျွန်တော် သူဆိုနေတဲ့ သီချင်းသံကို နားထောင်ရင်း ဓာတ်ပုံရိုက်ဖို့တောင် မေ့နေခဲ့သည်။ သူ့သီချင်းလေးဆုံးသွားတော့ လက်ခုတ်တီးသံကြားလိုက်ရသည်။

ပီးတော့ ကျွန်တော်တို့တွေ ကျောင်းတိုင်းက ကျောင်းသားကျောင်းသူ leader တွေကို နှုတ်ဆက်ကာ ကျောင်းသို့ ပြန်လာခဲ့ကြသည်။ ကျောင်းရောက်တော့ ကားပေါ်က အကုန်ဆင်းသွားကြသည်။ ကျွန်တော်တို့ကတော့ p'deer တို့နဲ့ ရပ်ကာ ကြည့်နေသည်။ အဲအချိန်မှာ oaujun တို့က ရောက်လာသည်။ oaujun က

''p' ကျွန်တော်တို့ အတန်းထဲသွားတော့မယ်''

''အေး သွားလေ''

p'jum က krist နားသွားပီး ပခုံးလေးကိုဖက်လိုက်သည်။ ပီးတော့

''krist က မဆိုတတ်ဘူးပြောပီးတော့ ဆိုလိုက်တဲ့ သီချင်းက ကောင်းလွန်းတော့ ကိုယ့် heart ကို ထိသွားတာပဲ ငါလည်း MC p' ပြောသလို စိတ်ပြောင်းလိုက်တော့မယ်''

''ဟား ဟား''

''အိုး p'...''

အကုန်ဝိုင်းရယ်ကြတော့ သူက ရှက်သွားပီး ပြောလိုက်သည်။ ပီးတော့ ရှက်ပြုံးလေးရယ်နေရင်း ကျွန်တော့်ကို ကြည့်နေလို့ ကျွန်တော်က ပြန်ရယ်ပြရင်း မျက်ခုံးလေးပင့်ပြလိုက်သည်။ သူက ပိုရှက်သွားတယ်ထင်တယ် မျက်လွှာလေး အောက်ချကာ ပြုံးနေသည်။ dimple လေးက သူ့ပါးပေါ်ကနေ ထွက်ပေါ်လာပြန်သည်။ ပီးတော့ p'deer က

''သွားနားလေ nong တို့လည်း ပင်ပန်းနေပီ''

''ဟုတ်''

သူတို့ထွက်သွားသည်။ ကျွန်တော်တို့လည်း သူတို့ကို ကြည့်ရင်း ရပ်ကာ ကျန်ခဲ့သည်။ ခဏနေတော့ လူတွေ ကုန်လို့ ကျွန်တော်လည်း ကင်မရာပြန်အပ်ကာ လိုတဲ့ ပစ္စည်းတွေ သိမ်းပေးပီး အတန်းထဲသို့ ပြန်လာခဲ့သည်။

kit//
ကျွန်တော်တို့ ကျောင်းပြန်ရောက်တော့ p' deer တို့ကို နှုတ်ဆက်လိုက်သည်။ p'jum ရဲ့ စကားကြောင့် အကုန် ဝိုင်းရယ် နေလို့ သူလည်း ဘယ်လိုနေလဲ ကြည့်လိုက်တော့ သူကပါ ရယ်နေရင်း မျက်ခုံးပင့်ပြလို့ ကျွန်တော် ရှက်ပီး ခေါင်းငုတ်ထားလိုက်သည်။ p'jum စနောက်လို့ ရှက်ပါတယ်ဆိုမှ သူကပါ လုပ်ပြလိုက်တဲ့ အမူအယာလေးကြောင့် ပိုရှက်သွားကာ ရင်ခုန်သံတွေမြန်လာသည်။ သီချင်းဆိုတုံးကလည်း သူကြည့်နေတဲ့ အကြည့်တွေက ရင်ခုန်လွန်းလို့ သီချင်းကို မနည်းအားမွေးပီး ဆိုခဲ့ရသည်။

ပြုံးရောင်ဟပ်မျက်ဝန်း (Unicode)Where stories live. Discover now