ပြုံး​ရောင်​ဟပ်​မျက်​ဝန်​း ၆၃

1 1 0
                                    

Smile reflection eye (P 63)
(ပြုံး​ရောင်​ဟပ်​မျက်​ဝန်​း)

Kit//
ပီးတော့ သူ့ကို လှမ်းကြည့်တော့ p'off တို့နဲ့ စကားပြောနေသည်။ ကျွန်တော်တို့လည်း မှာစရာတွေ မှာပီး စောင့်နေရင်း စကားပြောနေလိုက်သည်။ ခဏနေတော့ လာချလို့ စားလိုက်သည်။

ကျွန်တော်တို့ စားနေတုံး p'sing တို့ ထွက်သွားတာ တွေ့လိုက်သည်။ ကျွန်တော်တို့လည်း သိပ်မကြာပါ စားပီး အတန်းပြန်ခဲ့ကြသည်။ စာသင်ချိန်သို့ရောက်ခဲ့ပြန်သည်။

ညနေ ကျောက်းဆင်းချိန်ရောက်တော့ fait တို့ကို နှုတ်ဆက်ပီး p'sing က မုန့်ဝယ်ဦးမယ်ဆို၍ ဆိုင်သို့ ထွက်လာခဲ့သည်။ ဆိုင်ရောက်တော့ p'sing က မုန့်မှာနေချိန် ကျွန်တော့်ဖုန်းမြည်လာသည်။ ကြည့်လိုက်တော့ fait ဖြစ်နေသည်။ ကျွန်တော် ဖုန်းဖြေလိုက်သည်။

''fait''

''kit ကျောင်းရှေ့မှာ မင်း par ရောက်နေတယ်''

''ဟင် ဟုတ်လား''

''အေး သူငယ်ချင်းအိမ်လာရင်း ဝင်ကြိုတာတဲ့ အဲဒါ မင်းကို အပြင်မှာ စောင့်နေတယ်''

''ငါ့ကို မေးသေးလား''

''အေး မေးတယ် ငါက စီနီယာနဲ့ စကားပြောရင်း ကျန်ခဲ့တယ်ပြောလိုက်တယ် အဲဒါမင်းကို စောင့်နေတယ် ''

''အခု par က မင်းနဲ့ရှိနေတာလား ''

''မဟုတ်ဘူး ငါ အခု အငှားကားပေါ်ကဆက်နေတာ ငါ့ကို တခါတည်း လိုက်ခိုင်းတယ် ငါက မင်းကို ဖုန်းဆက်ပြောလို့ အဆင်မပြေမှာစိုးလို့ မလိုက်တော့ဘူး ဝင်စရာရှိလို့ပါလို့ ပြောလိုက်တယ်''

''အော် ကျေးဇူးပါ ငါအခုသွားလိုက်မယ်''

''အေး အေး''

ကျွန်တော် ဖုန်းချလိုက်သည်။ p'sing က မှာတာကို စောင့်နေသည်။ ကျွန်တော်က p'sing ကို လှမ်းပုတ်လိုက်ပီး

''p' par ကျောင်းရှေ့မှာ ရောက်နေတယ်တဲ့ အဲဒါ ကျွန်တော် သွားတော့မယ်​''

''ဟာ နေပါဦး ကိုယ်လိုက်ပို့မယ် မှာတာရတော့မယ် ခဏစောင့်''

''p' လိုက်လို့ အဆင်ပြေမလား''

''ပြေမှာပါ ကိုယ်လည်း နှုတ်ဆက်ရတာပေါ့''

''ဟာ မ​နောက်​နဲ့​နော်​ p'၊ ဟို... ဖွင့်ပြောမလို့လား''

ပြုံးရောင်ဟပ်မျက်ဝန်း (Unicode)Where stories live. Discover now