ပြုံး​ရောင်​ဟပ်​မျက်​ဝန်​း ၁၇

3 0 0
                                    

Smile reflection eye (p 17)
(ပြုံး​ရောင်​ဟပ်​မျက်​ဝန်​း)

kit//
ကျွန်တော်လည်း အိမ်ပြန်ရောက်တော့ ရေချိုးသန့်စင်ပီး mom နဲ့ အတူတူ ထမင်းစားလိုက်ကြသည်။ mom က

''သား နေမကောင်းဘူးလား''

''အမ်း ကောင်းပါတယ် ဘာမှ မဖြစ်ပါဘူး''

''အော် ငြိမ်နေလို့ နေမကောင်းလို့ ထင်တာ''

''မဟုတ်ပါဘူး''

''အေး အေး စား စား ပီးရင် နားလိုက် ဂိမ်းဆော့မနေနဲ့နော် ကျန်းမာရေးထိခိုက်မယ်''

''ဟုတ်ကဲ့ပါ''

''အေး အေး''

ကျွန်တော်လည်း စားပီးလို့ mom ကို ပန်းကန်တွေ ဝိုင်းသိမ်းပေးလိုက်သည်။ ပီးတော့ အခန်းထဲ ဝင်ကာ စာလုပ်နေလိုက်သည်။ စာလုပ်ပီးတော့ ဖုန်းခဏသုံးလိုက်သေးသည်။ ပီးတော့ ကျွန်တော်လည်း ကုတင်ပေါ်တွင် လှဲလိုက်သည်။

မနက်က p'sing ပုံစံလေးကို မြင်ယောင်နေမိသည်။ p'sing က ဘယ်လို လူမျိုးလဲ သူ့ပုံစံက တစ်မျိုးပဲ သူများတွေလို ပွင့်ပွင့်လင်းလင်းလည်းမရှိဘူး။ သူ့ကိုယ်သူ ဆရာကြီးပုံစံနဲ့ မာနကြီးတာလား မာန်တက်နေတာလားဗျာ ကျွန်တော်တို့ကို ဘာလို့ လျစ်လျူရှုထားတာလဲ ကျွန်တော်လည်း တွေးရင်း အိပ်လိုက်သည်။

မနက်ရောက်တော့ ကျောင်းသို့ ထွက်လာခဲ့သည်။

sing//
မနက်ရောက်တော့ ကျွန်တော်တို့နှစ်ယောက် ကျောင်းသို့ထွက်လာခဲ့သည်။ ကျောင်းရောက်တော့ ကျွန်တော်တို့ အတန်းထဲမသွားပဲ အဆောင် ၁ ဖက်ကို ထွက်လာခဲ့လိုက်သည်။ အဆောင် ၁ ခန်းမရောက်တော့ p'fon က

''ဟော ညီနောင်နှစ်ပါး ကြွလာပီ''

ဒါကို p'deer က အခန်းဝကနေ လှည့်ကြည့်ပီး

''ဟာ အတော်ပဲ sing ကိုယ်တို့ ဓာတ်ပုံရိုက်ဖို့ မီးဆိုင်းတွေလုပ်ထားတာ အဆင်ပြေလား ''

ကျွန်တော်က ကြည့်လိုက်သည်။ ပီးတော့ ကျွန်တော်က

''p' မီးအနီတွေ မသုံးနဲ့ နော် လင်းတဲ့အဖြူတွေပဲ သုံးပါလား ဘာလို့လဲဆိုတော့ အနီက အသားအရေ မလှပဲ ထွက်လာမှာစိုးလို့ မီးသီးအဖြူဆို အသားအရေကိုလင်းစေတယ် အခုခေတ်က ကိုရီးယားဆန်းဆိုတော့ ကိုရီးယား ဆန်ဆန်လေးလုပ်ပေးပေါ့''

ပြုံးရောင်ဟပ်မျက်ဝန်း (Unicode)Where stories live. Discover now