ပြုံး​ရောင်​ဟပ်​မျက်​ဝန်​း ၂၀

2 0 0
                                    

Smile reflection eye (p 20)
(ပြုံး​ရောင်​ဟပ်​မျက်​ဝန်​း)

sing//
ကျွန်​​တော်​ ဓာတ်ပုံရိုက်ပေးနေတည်းက သူ ရှက်နေပါတယ်ဆိုမှ p'deer က နောက်လိုက်တော့ မျက်နှာက ဖြူနုနုလေးကနေ ပန်းနုရောင်ပြောင်းကာ ရဲတက်နေသည်။ သူပြန်မယ်ဆိုတော့ p'deer က တောင်းပန်တဲ့အနေနဲ့ အစဖော်ကာ လှမ်းပြောတော့ ကျွန်တော်လည်း သူရှက်မှာ စိုး၍ မသိသလိုနေလိုက်သည်။ သူတို့ထွက်သွားသည်။ ကျွန်တော်လည်း ရိုက်ထားတဲ့ ပုံတွေကို computer ladtop  နဲ့ချိတ်ကာ ထည့်ပေးလိုက်သည်။

p'deer က ပုံကောင်းတွေရွေးပီး ကျွန်တော်တို့ကျောင်းရဲ့ နာမည်နဲ့ page တစ်ခုဖွင့်လိုက်သည်။ ပီးတော့ ပုံတွေကို တစ်ယောက်ကို ၃ ပုံလောက်ယူပီး post တစ်ခုဆီထားကာ moon star votting page တွင် တင်လိုက်သည်။ တင်ထားတဲ့ ပုံတွေကို ပြန်ကြည့်နေတော့ p'fon နဲ့ p'bem ရောက်လာသည်။ သူတို့ကြည့်နေရင်း kit ပုံကိုတွေ့သွားတော့ p'fon က

''အဲ ကလေးက ချောတယ်နော် ချစ်စရာလေး''

p'bem က
''အင်း ဟုတ်တယ်နော် ''

ကျွန်တော်တို့လည်း တခြားကျောင်းက ပုံတွေကို လိုက်ကြည့်နေလိုက်သည်။ ပီး​တော့ ကျွန်​​တော်​က ပစ္စည်​းဝိုင်​းသိမ်​း​ပေး​နေလိုက်​သည်​။ ခဏ​နေ​တော့ p'deer က ကြည့်နေရင်း

''ဝါး ဒီကောင် တော်တော် ဆန်းပွင့်တာပဲကွာ''

off က

''ဟာ မိုက်တယ်ကွာ idol တွေ ကျနေတာပဲ''

ကျွန်တော်က ဓာတ်ပုံရိုက်တုံးက ဆင်ထားတဲ့ ပစ္စည်းတွေကို ဝိုင်းသိမ်းပေးနေရင်း သူတို့ပြောဆိုရင်​း ကြည့်နေလို့ အနားသွားပြီး ကြည့်လိုက်တော့ kit ရဲ့ post ဖြစ်နေသည်။  သူ့ post ကို ကြည့်လိုက်​​တော့ like နဲ့ comment တွေ အသည်းတွေ wow ပုံတွေ တစ်မျိုးမျိုးတက်လာကာ ၃ မိနစ်အတွင်း 1.5 mill ပြည့်သွားသည်။

ဟုတ်ပါ့ သူက မနာလိုစရာဖြစ်အောင်ကို ချစ်ခင်သူတွေပေါလိုက်တာ ကိုယ်တောင် နေရာရှိပါ့မလားကွာ

ပီးတော့ ကျွန်တော်လည်း လွယ်အိတ်နဲ့ ကင်မရာ အိတ်ယူလိုက်ပီး

''p' ကျွန်တော်တို့ အတန်းပြန်တော့မယ် ပစ္စည်းတွေ သိမ်းပေးပီးပီ''

ပြုံးရောင်ဟပ်မျက်ဝန်း (Unicode)Where stories live. Discover now