ပြုံး​ရောင်​ဟပ်​မျက်​ဝန်​း ၃၀

1 0 0
                                    

Smile reflection eye (p 30)
(ပြုံး​ရောင်​ဟပ်​မျက်​ဝန်​း)

''ဒီနှစ်ယောက်သိပ်မဟုတ်တော့ဘူး သိလား''

fait က
''ဘာလဲ ဘယ်သူလဲ''

''ဘယ်သူကမလဲ p'sing နဲ့ kit ပေါ့ သူတို့နှစ်ယောက်က တွေ့ရင်တော့ စကားမပြောပဲနဲ့ မတွေ့ရင် ငါပဲ မေးနေကြတာပဲ''

သူပြောလိုက်မှ ကျွန်တော် သတိထားမိသည်။ ကျွန်တော်က မေးတာ ဟုတ်ပါတယ် ဒါပေမဲ့ p'sing ပါ မေးတယ်ဆိုတော့ အံ့သြသွားသည်။ ဒါနဲ့ ကျွန်တော်က

''p'sing က မေးတယ် ဟုတ်လား ငါ့ကိုလား ဘာမေးတာလဲ''

''တွေ့လား ပြောနေရင်းနဲ့ သိချင်ရင် သူ့သာသွားမေးတော့ ငါတော့ ဝင်ပီ''

သူက ပြောပီး အတန်းထဲဝင်သွားသည်။ ကျွန်တော်တို့လည်း အတန်းထဲသို့ ဝင်လာလိုက်သည်။

sing//
ကျွန်တော် အတန်းရောက်တော့ off က

''sing oaujun တို့လည်း ဖျော်ဖြေပေးရမယ်ဆို ''

''အေး သူပြောတယ်''

''ဘယ်လိုလုပ်မှာလဲ''

''မသိပါဘူးကွာ သူတော့ လေ့ကျင့်မယ်ပြောတာပဲ''

may က
''kit ရော ဘာလုပ်မယ်ပြောလဲ''

''ဒရမ်လို့ပြောတာပဲ''

''တီးတတ်ပါ့မလား''

nott က
''တီးတတ်လို့ ရွေးတာနေမှာပေါ့''

ခဏနေတော့ ဆရာရောက်လာ၍ စာသင်လိုက်သည်။ နေ့ခင်းထမင်းစားချိန်ရောက်တော့ ကျွန်တော်တို့ ကင်တန်းဘက်ထွက်လာခဲ့သည်။ ကျွန်တော်တို့ စားသောက်ပီးလို့ ပြန်ထွက်လာတော့ သူတို့အုပ်စု ဝင်လာတာနဲ့ တိုးသည်။ ဒါနဲ့ ကျွန်တော်က

''ဟာ အခုမှ လာစားတာလား''

oaujun က
''ဟုတ်တယ် p'...''

သူတို့နဲ့ oaujun တို့နှစ်ယောက်နဲ့ အဖွဲ့ကျနေသည်။ off က kit ကို ပုတ်လိုက်ပီး
''kit  ဒရမ်တီးမယ်ဆို တီးတတ်လား''

''တီးတတ်တယ်လေ p'...''

''ဟုတ်လား တော်တယ်ကွာ ငါတို့လည်း သင်ပေးပါဦး''

''ရပါတယ်''

''အေး အေး သွားစား နောက်ကျနေမယ်''

ပြုံးရောင်ဟပ်မျက်ဝန်း (Unicode)Where stories live. Discover now