ပြုံး​ရောင်​ဟပ်​မျက်​ဝန်​း ၇၀

3 1 0
                                    

Smile reflection eye (P 70)
(ပြုံး​ရောင်​ဟပ်​မျက်​ဝန်​း)

sing//
ကျွန်တော်တို့ လမ်းထဲဝင်လာတော့ ၃ အိမ်ကျော်ကာ ခြံတစ်ခြံရှေ့ကို ရောက်တော့ fait လက်ထိုးပြသည်​။ ဒါနဲ့
ဝင်သွားတော့ ကျွန်တော်နဲ့ oaujun က လိုက်ဝင်လိုက်သည်။ ခြံထဲရောက်တော့ အိမ်ကို လှမ်းကြည့်လိုက်တော့ kit က အိမ်အဝတွင် ရပ်ရင်း ပြုံးနေသည်။ ကျွန်တော်တို့ သူ့အနားကို ရောက်သွားတော့ သူက ကျွန်တော့်ကို သေချာကြည့်ပီး

''ကျွန်တော်က မျှော်နေတာ''

fait က
''ငါတို့ကို မဟုတ်လောက်ဘူးနော်''

''အတူတူပဲလေ''

''လာမဖြီးနဲ့ ငါ သိတယ်''

fait အပြောကြောင့် ကျွန်တော်လည်း ပြုံးနေလိုက်သည်။ ဒါကို kit က ခေါင်းလေးကုတ်ရင်း ရှက်ပြုံးလေးရယ်လိုက်ပီး

''ဟင်း ဟင်း မင်းတို့က အမြဲလာနေတာလေ p' က အခုမှ ရောက်ဖူးတာ''

''အဲလို ပွင့်လင်းစမ်းပါ''

''လာလေ p' လာ အထဲဝင်ရအောင်''

ကျွန်တော်တို့အထဲဝင်လိုက်တော့ ခမ်းနားပီး လှပတဲ့ ဧည့်ခန်းနဲ့ သက်ရပ်သန့်ရှင်းတဲ့ အပြင်အဆင်တွေကို တွေ့လိုက်သည်။ ကျွန်တော်တို့ ဧည့်ခန်းထဲရောက်တော့ သူက

''ထိုင်နော်''

''အင်း''

ကျွန်တော်က ခေါင်းညိတ်ပြပီး ဝင်ထိုင်လိုက်သည်။ fait တို့က မျက်နှာချင်းဆိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။ သူက ကျွန်တော့် ဘေးခုံတွင် ဝင်ထိုင်ရင်း

''mom က အနောက်ထဲမှာ par က ရေချိုးနေလို့ ခဏစောင့်နော်''

''ရပါတယ်''

oaujun က
''kit မင်းတို့က မိဘနဲ့တွေ့ဆုံပွဲလုပ်လို့ ငါတို့ကို သက်သေလိုက်ခိုင်းတာလား''

''မဟုတ်ပါဘူး par က သူပြန်လာရင် ငါ့သူငယ်ချင်းတွေကို အမြဲတွေ့နေကျလေ''

''အရင်ကတော့ ဟုတ်တယ်ထား အခု မင်းတို့ပုံစံကိုကြည့်လေ ဟိုတစ်ယောက်ကလည်း အစောကြီးထပြင်ပီး သွားမယ်လုပ်နေတာ''

''ဟုတ်လား''

သူက လှည့်ပီးမေးတော့ ကျွန်တော်က ရယ်ပီး ခေါင်းညိတ်ပြလိုက်သည်။ အဲအချိန်မှာ အနောက်ထဲမှ အန်တီတစ်ယောက်ထွက်လာတော့ fait က

ပြုံးရောင်ဟပ်မျက်ဝန်း (Unicode)Where stories live. Discover now